ဘက်သလင်ဟမ်

March 6, 2020

ကိုရိုနာဗိုင်းရပ် အရေးပေါ်အခြေအနေ ပါလက်စတိုင်း ကြေညာ

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ဟာ ခရစ်တော်မွေးဖွာရာလို့ ယုံကြည်ကြတဲ့ ဘက်သလင်ဟမ်ဘုရားကျောင်းတော်နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ ဦးကို  အာဏာ ပိုင်တွေက တွေ့ရှိခဲ့ပြီးနောက် မတ် ၅ ရက်နေ့ကစလို့ ပါလက်စတိုင်းဒေသကို ရက် ၃၀ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။  သမ္မတရဲ့ အရေးပေါ်အမိန့်ဒီဂရီအရ မူကြိုကျောင်းတွေကအစ တက္ကသိုလ်များအထိ စာသင် ကျောင်းအားလုံးကို ပိတ်ပစ်ဖို့၊ နိုင်ငံခြားခရီးသွားတွေ လာရောက်ဖို့ စီစဉ်ထားတာတွေကို ဖျက်သိမ်းဖို့ ဝန်ကြီးချုပ် မိုဟမ်မတ် ရှတေယာက ကြေညာခဲ့ပါတယ်။  အသစ်တွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ ဦးလုံးဟာ ဘက်သလင်ဟမ် အိန်ဂျယ်ဟိုတယ်မှ ပါလက်စတိုင်းလူမျိုးတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားပါတယ်။  အနောက်ဘက်ကမ်းခြေ ဟိုတယ်တွေမှာလည်း နိုင်ငံခြားဧည့်သည်ဝင်ရောက်တာကို  နှစ်ပတ်တာ ပိတ်ထားပြီး အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး မတ် ၅ ရက်ကစလို့ အစ္စရေးနဲ့ ပါလက်စတိုင်းတွေ သွားလာတာကို တားမြစ်မိန့် ထုတ်ပြန်ထားပါတယ်။ 
1 year Ago
Up