ဗြိတိသျှဝန်ကြီးချုပ်

March 9, 2020

အလုပ်သမား နာမကျန်းခွင့်ရက် သတ်မှတ်ချက်ကို ပြင်ဆင်ရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ယဲ့လ်ဆင်ဟာ အလုပ်သမားတွေရဲ့ နာမကျန်း ခွင့်ရက်အတွက် လုပ်ခပေးဖို့ သတ်မှတ်ချက်အဟောင်းကို ပြန်လည်ဖြတ်တောက် ပြင်ဆင်သွားမယ်လို့ လွှတ်တော်မှာ ပြောပါတယ်။ အရင်သတ်မှတ်ချက်အရဆိုရင် နိုင်ငံတော်ရဲ့အနိမ့်ဆုံး နာမကျန်းခွင့်အတွက် ပေးငွေရဖို့ အလုပ်သမားတွေက ၄ ရက် စောင့်နေရတာကို ဖြတ်တောက်ပစ်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က လွှတ်တော်မှာ ပြောပါတယ်။  “ကျန်းမာရေးဝန်ကြီးက ကျနော်တို့ရဲ့ အရေးပေါ် ကိုရိုနာဗိုင်းရပ်စ်ဥပဒေအတိုင်း ဆက်လုပ်သွားပါမယ်။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ နာမကျန်းပေးငွေကို ခွင့်ပြုဖို့ သတ်မှတ်ချက်တွေအတိုင်း၊ ပထမဆုံး နာမကျန်းဖြစ်တဲ့နေ့ကနေ စပေးဖို့ပါ။ အရင်က အဲဒီအစား လေးရက် စောင့်ရပါတယ်။” တကယ်လို့ နာမကျန်းတဲ့ အလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ လူအများနဲ့ သီးခြားခွဲနေဖို့ လိုလာရင် နာမကျန်းပေးငွေကို လက်ရှိကျင့်သုံးနေတဲ့ စနစ်ဟောင်းအတိုင်း မဟုတ်ဘဲ ပထမဆုံး ဖျားနာတဲ့နေ့ကနေစပြီး ပေးသင့်ကြောင်းဝန်ကြီးချုပ်က ပြောခဲ့တာပါ။
1 year Ago
Up