ဗြိတိန်အသုံးပြုခွင့်ရ

December 30, 2020

အောက်စဖို့နှင့်အက်စ်ထရာဇန်နီကာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဗြိတိန်အသုံးပြုခွင့်ရ

အောက်စဖို့တက္ကသိုလ်နဲ့ အက်စ်ထရာ-ဇန်နက်ကာ ကုမ္ပဏီတို့ ပူးတွဲ ထုတ်ဖော်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ခံချက်ကို ဗြိတိန်အစိုးရက ဒီဇင်ဘာ ၃၀ ရက်မှာ  ရရှိသွားပါပြီ။ "ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်စည်းကမ်းသတ်မှတ်ရေးအဖွဲ့ (MHRA) ဆီကနေ အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေးအသုံးပြုခွင့် ထောက်ခံချက်ကို ဗြိတိန်အစိုးရက ဒီကနေ့ပဲ ရရှိပြီ "လို့  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   အက်စ်ထရာ ဇန်နက်ကာဟာလည်း နှစ်ကြိမ်ထိုး ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ဗြိတိန်အစိုးရ က ကာကွယ်ဆေးလုံးရေ သန်း ၁၀၀ မှာယူထားပါတယ်။   ဗြိတိန်မှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့်  ဆောင်းရာသီဗိုင်းရပ်စ် ကူးစက်မှု ထိုးတက်လာချိန်မှာပဲ အက်စ်ထရာဇန်နက်ကာ ကာကွယ်ဆေးကို အရေးပေါ် သုံးခွင့်ပြုလိုက်တာပါ။  အက်စ်ထရာဇန်နက်ကာနဲ့ တခြားကာကွယ်ဆေးထုတ်ကုမ္ပဏီတွေက သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ရဲ့ သက်ရောက်မှုကို လေ့လာနေပြီး သူတို့ ကာကွယ်ဆေးတွေက  ဗိုင်းရပ်စ်မျိုးကွဲသစ်ပေါ်မှာ ထိရောက်မယ် မျှော်လင့်တယ်လို့ ပြောဆိုထားပါတယ်။ 
4 months Ago
Up