ဗြိတိန်လွှတ်တော်အမတ်

October 16, 2021

ဗြိတိန်လွှတ်တော်အမတ် ၁ ဦး ဓားထိုးခံရပြီး သေဆုံး

အင်္ဂလန်အရှေ့တောင်ပိုင်းရှိ အက္ကဆက်ကောင်တီမှာ ဗြိတိန်လွှတ်တော်အမတ် ဒေးဗစ်အိမ်းမက်စ်  ဟာ အောက်တိုဘာ ၁၅ ရက်က ဓားနဲ့အကြိမ်ကြိမ်ထိုးခံရလို့ သေဆုံးသွားပါတယ်။

ဗြိတိန်အမတ် အသတ်ခံရမှုကို အကြမ်းဖက်ဖြစ်ရပ်အဖြစ် ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို အကြမ်းဖက်မှုကွပ်ကဲမှုအဖွဲ့က ဦးဆောင်နေပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ကွန်ဆာဗေးတစ်ပါတီမှ အသက် ၆၉ နှစ်အရွယ် အိမ်းမက်စ် ဟာ လန်ဒန်အရှေ့ဘက်ရှိ ဘဲလ်ဖဲယားစ်ဘုရားရှိခိုးကျောင်းမှာ သူ့မဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ 

လက်နက်ကိုင်ရဲတွေက ဘုရားကျောင်းကို၀င်တိုက်ခဲ့ပြီး ဘုရားကျောင်း ကြမ်းပြင်ပေါ်ရှိ အမတ်ရဲ့ အသက်ကိုကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရပါတယ်။

အက္ကဆက်ကောင်တီရဲချုပ်က လွှတ်တော်အမတ် အိမ်းမက်စ်ဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု နှိမ်နင်းရေး အထူးအရာရှိတွေက ကနဦး စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတယ်လို့ စုံထောက်တွေက ပြောပါတယ်။  နိုင်ငံရေးသမားတွေကတော့ ဒီတိုက်ခိုက်မှုဟာ ဒီမိုကရေစီကို ချေမှုန်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

3 months Ago
Up