ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး

February 19, 2021

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်သွားသည့်လမ်း ရှာဖွေရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်သွားတဲ့လမ်းကို ရှာဖွေရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်မစ်နစ်ရပ်ဘ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောဆိုပါတယ်။ 

အရပ်သားအစိုးရကို ဖြုတ်ချတဲ့အတွက်  ဗြိတိန်အစိုးရက မြန်မာဗိုလ်ချုပ်ကြိးတွေကို ဒဏ်ခတ်အရေးယူပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို တာဝန်ခံခိုင်းရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြိး ရပ်ဘ်က ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို အနောက်နိုင်ငံတွေကလည်း ပြစ်တင်ရှုတ်ချထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်အစိုးရက မြန်မာစစ်ခေါင်ဆောင်တွေအပေါ် အရေးယူဒဏ်ခတ်တာတွေ ချမှတ်ပြိးနောက် ဗြိတိန်နဲ့  ကနေဒါ နှစ်နိုင်ငံစလုံးက ဒဏ်ခတ်မှုတွေကို ကြေညာခဲ့ပါတယ်။ 

မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ပိုင်ဆိုင်မှု သိမ်းဆည်းတာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်တာတွေ ချမှတ်မယ်လို့ ဗြိတိန်က ကြေညာပြီး စစ်ဘက်အရာရှိ ၉ ဦးကို အရေးယူသွားမယ်လို့ ကနေဒါက ကြေညာပါတယ်။ 

မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဗြိတိန်အစိုးရက  အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို  အရေးယူဒဏ်ခတ်တာတွေ လုပ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

4 months Ago

December 17, 2020

အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး 

ဗြိတိန်- အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်တဲ့ ကြိုးပမ်းမှုအဖြစ် ဒီဇင်ဘာ ၁၆ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရပ်ဘ်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီကို နယူးဒေလီမြို့မှာ  သွားရောက်တွေ့ဆုံခဲ့ပါတယ်။ "ကပ်ရောဂါ နှောင်းပိုင်း ၊ ဘရက်ဆစ် နှောင်းပိုင်း အလားအလာကြီးမားတဲ့ ဗြိတိန်- အိန္ဒိယ မိတ်ဖက်ဖြစ်မှုကို ဆွေးနွေးခဲ့ပါတယ်"လို့ ဝန်ကြီးချုပ် မိုဒီ က တွစ်တာမှာ ရေးသားခဲ့ပါတယ်။  အဲဒီနောက် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ရပ်ဘ်ဟာ အိန္ဒိယပညာရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့သလို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။  ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးကို ပြန်နှိုးဆွရာမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းတာတွေတိုးမြှင့်လုပ်ဆောင်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့တယ်လို့  ဗြိတိန်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတွေက  ထုတ်ပြန်ခဲ့ပါတယ်။
6 months Ago
Up