ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးလွင်ရဲ့ နေအိမ်ခြံရှေ့မှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒုရဲမှူးကြီး အေးလွင်ရဲ့ နေအိမ်ခြံရှေ့မှာ ညနေ ၆ နာရီ ၁၅ ကနေ ၂၅ မိနစ်ကြား ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ခရိုင်ရဲတပ်ဖွဲ့မှူးနေအိမ်ရှေ့ ဗုံးခွဲတာဟာ ဘယ်အဖွဲ့လက်ချက်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးပါဘူး။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်အုပ်စုတပ်သားတွေက အရပ်ဝတ်နဲ့ပါ သေနတ်တွေကိုင်ပြီး လမ်းသွားလမ်းလာတွေကို ဆဲဆိုခြိမ်းခြောက်တာတွေပြုလုပ်ကာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်၊။
မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလထဲမှာတင် ဗုံးပေါက်ကွဲတဲ့အကြိမ်ရေ ၁၂ ကြိမ်ထိရှိလာပြီဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့အဝင်၊ လာရှိုး- မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးဘေးမှာ စက်တင်ဘာ ၆ ရက် မနက် ၁ နာရီလောက်က ပြင်းထန်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာရှိတဲ့ စည်ပင်စျေးက စျေးဆိုင်ခန်းတွေ၊ လူနေအိမ်တချို့နဲ့ မော်တော်ယာဥ်တွေ ဗုံးစထိမှန် ပျက်စီးခဲ့ပေမယ့် လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
ဗုံးပေါက်ကွဲမှု ဖြစ်စဥ်ဖြစ်ပွားပြီး စက္ကန့်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့စစ်ကား ၂ စီးဖြတ်သန်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ဗုံးပေါက်ပြီး စက္ကန့်ပိုင်းပဲ စစ်ကား၂ စီးဖြတ်သန်းသွားတယ်။ အကြမ်းဖက်ကောင်တွေပဲ ပစ်ချခဲ့တာဖြစ်နိုင်တယ်။ ပြည်သူ့ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေတာ။ ဗုံးက ပြင်းတယ်။ ဗုံးစတွေက တော်တော်ဝေးဝေးထိ ရောက်တယ်။ ညဖြစ်လို့ လူတွေအထိအခိုက်မရှိတာ"လို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားမှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ နေထိုင်မကောင်းသူတွေ စိုးရိမ်ထိန့်လန့်ခဲ့ရတယ်လို့ အနီးအနားရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာကို စစ်ကောင်စီရဲ့တပ်နဲ့ရဲတွေ လာရောက်စစ်ဆေးတာ၊ စုံစမ်းတာ မရှိဘူးလို့ သိရပါတယ်။
မကြာခဏဆိုသလို အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ ၁၆ က လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်တာတွေရှိပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားအောင် ဖန်တီးသလို ပြုလုပ်နေတဲ့အတွက် စိုးရိမ်တယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။
သိန္နီမြို့ ပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုလမ်းမကြီးတလျောက် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ နေ့စဥ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။