ဗုံးပေါက်

July 24, 2021

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး ဗုံးပေါက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင် ၂၄ ရက်နေ့က အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ညနေ ၆ နာရီခွဲလောက်မှာ ရုံးဘေးလမ်းကြားကနေ ဗုံးပေါက်ကွဲခဲ့တာဖြစ်ကြီး ၁ မိုင်ပတ်လည်လောက်က နေအိမ်တွေပါ တုန်ခါမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အမှတ် ၈ ရပ်ကွက်နေဒေသခံ ၁ ဦးက "ရုံးဘေးလို့ကြားတယ်၊ အသံလည်းကျယ်တယ်၊ မြေကြီးတွေပါ တုန်သွားတာ။ ထိခိုက်မှုရှိ မရှိတော့ မသိရသေးဘူး'' လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ အမှတ် ၈ ရပ်ကွက်ရုံးနားကို တဂေါင်းဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူထိခိုက်သေဆုံးမှုရှိ မရှိဆိုတာကိုတော့ အတည်အကျမသိရသေးပါဘူး။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။

5 days Ago

July 19, 2021

လပွတ္တာမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲ

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဇူလိုင်လ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။

မနက် ၆ နာရီ မိနစ် ၄၀ လောက်က  ရုံးရှေ့ကထပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ရုံးရှေ့က ထပေါက်တာ အသံတော်တော်ကျယ်တယ်။ ပေါက်ပြီးတော့ မီးခိုးတွေထွက်လာတာ ဒါပထမဆုံးပေါက်တာ”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ  စစ်ကား ၁ စီး၊ ရဲကား ၂ စီး၊ အိမ်စီးကား ၁ စီးနဲ့ရောက်လာပြီး ဗုံးပေါက်ကွဲတဲ့ ပတ်ဝန်းကျင်ကိုပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။

ဒီနေ့မနက်ဗုံးပေါက်ကွဲမှုဟာ လပွတ္တာမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးဗုံးပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။

1 week Ago
More News
Up