ဗိုလ်လုပွဲ

January 6, 2021

စပါးအသင်းက ဘရန့်ဖို့ဒ်ကို (၂-၀) ဂိုးဖြင့်နိုင်ပြီး ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်ရောက် 

ဒီမနက်အစောပိုင်းကန်သွားတဲ့ ကာရာဘောင်ဖလားရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုးဂိုးမရှိနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ စပါးအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ပွဲချိန် ၁၂ မိနစ်မှာ ဆစ်ဆိုကိုက သွင်းယူပေးခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာ ဆွန်ဟောင်မင်က သွင်းယူပေးနိုင်တဲ့အတွက်  ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။ ဗိုလ်လုပွဲမှာတော့ ဇန်နဝါရီ ၆ ရက်မှာ ကန်မယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာ ၂ သင်း ယှဉ်ပြိုင်မှုကနေ အနိုင်ရရှိခဲ့တဲ့အသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။  ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ဧပြီလမှာ ကျင်းပမှာဖြစ်တာကြောင့် မော်ရင်ဟိုရဲ့စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်၊  အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို အာရုံစိုက်ဖို့ကြားထဲမှာ အချိန်တော့ရရှိနေဦးမှာပါ။ နည်းပြ မော်ရင်ဟိုဟာ သူ့အသင်းကို တစ်ရာသီအပြည့်ပထမဆုံးစကိုင်တဲ့ရာသီမှာတင် ဗိုလ်လုပွဲတစ်ခုဆီ ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တာကို ဂုဏ်ယူပေမဲ့ ကာရာဘောင် ဗိုလ်လုပွဲကို ခဏမေ့ထားပြီး အနီးကပ်ဆုံးပြိုင်ပွဲတွေကိုပဲ အာရုံစိုက်သွားမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ဝင်ဘာလေကွင်းမှာ ဗိုလ်လုပွဲသွားမခင် ပွဲကြပ်ကာလတစ်ခုကို ဖြတ်သန်းရတော့မှာဖြစ်လို့ ကာရာဘောင်ပြိုင်ပွဲကို ခဏမေ့ထားသင့်တယ်လို့လည်း စပါးနည်းပြမော်ရင်ဟိုကပြောပါတယ်။ “ဗိုလ်လုပွဲဆိုပေမယ့် ကျနော်တို့ ဒါပွဲကို  ၃ လအကြာမှ ကန်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ဗိုလ်လုပွဲကို စောင့်မျှော်ရင်း နောင်လာမယ့် အနီးကပ်ပွဲစဉ်တွေကို အာရုံစိုက်ရပါမယ်။ ကျနော်တို့  အက်ဖ်အေ၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေကို ကစားရဖို့ရှိပါတယ်။ ဒါ့ကြောင့် အခုချိန်မှာ ဗိုလ်လုပွဲကို မေ့ထားရပါမယ်။” ဒါပေမဲ့ ဧပြီလရောက်ပြီဆိုရင်တော့ ဒီဖလားအတွက် တိုက်ပွဲဝင်ဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေရပါမယ်လို့လည်း နည်းပြမော်ရင်ဟိုက ပြောပါတယ်။
6 months Ago

October 9, 2020

ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွင် ဆိုဖီယာကမ်နင်နှင့်ရှော့တက်ခ်တို့ တွေ့ဆုံ

ပြင်သစ်အိုးပင်းဗိုလ်လုပွဲမှာ အမေရိကန်တင်းနစ်မယ် ဆိုဖီယာကမ်နင်နဲ့ ပိုလန်က ရှော့တက်ခ်တို့ တွေ့ဆုံနေပါတယ်။  မနေ့ကကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဆီဒင် ၄ သတ်မှတ်ခံထားရတဲ့ ဆိုဖီယာက ချက်တင်းနစ်မယ် ပက်ထရာဗစ်တိုဗာကို ၆-၄ ၇-၅ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။   ကမ္ဘာ့အဆင့် ၁၇၄ မှာရှိတဲ့ ပိုလန်တင်းနစ်မယ် ရှော့တက်ခ်ကတော့  အာဂျင်တီးနားက  ပိုဒိုရော့စ်ကာကို ၆-၂ ၆-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။  ၂ ယောက်စလုံးက ဂရင်းစလင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက် နိုင်ခဲ့ကြတာဖြစ်ပြီး ချန်ပီယံသစ်ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ 
9 months Ago
More News
Up