ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့စခန်းသို့ သွားရောက်လေ့လာ

January 22, 2021

ရုရှားကာကွယ်ရေးဝန်ကြီးနှင့်  မြန်မာကာချုပ်တွေ့ဆုံဆွေးနွေး (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး  Sergey K.SHOIGU နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့  ဇန်နဝါရီ ၂၂ ရက် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးကို မြန်မာကာကွယ်ရေးဦးစီးချုပ်က  ဒီကနေ့နက်ပိုင်း နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- DSINFO
6 months Ago

November 4, 2020

ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိဟု သမ္မတရုံးပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ရော နိုင်ငံ့ဥပဒေတွေနဲ့ပါ ကိုက်ညီမှုမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာနယူးစ်ဂျာနယ်တို့ရဲ့ အွန်လိုင်းတွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်နေ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက  ပြောကြားလိုက်တာပါ။ “တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ် တချို့ရဲ့ တိကျ ရေရာသေချာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာမဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်ခန်းမှာပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေတွေရဲ့ အနှစ်သာရနဲ့ကိုက်ညီမှုမရှိပါဘူး” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ(က)အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ကင်းရှင်းရမည် လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(င)အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့ရဲ့ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါကိစ္စရပ်များနှင့် အကြုံးဝင်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်တယ်လို့ပြောခဲ့တဲ့ အကြောင်းနဲ့ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေဖြစ်လာတယ်လို့  ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို  သတိပေးတဲ့အကြောင်းအရာက ဥပဒေအကြောင်းအရ ညီညွတ်တယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောသွားပါတယ်။ “ဘာလို့ မညီညွတ်မလဲ။ တပ်မတော်က  နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့တာဝန်ရှိတယ်။  နောက်အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်း ပေးထားတယ်။ ဒီဟာက အခြေခံဥပဒေကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ နိုင်ငံတော်ကြီး တည်ဆောက်ထားတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။ ကျနော်တို့ မပြောလို့ရှိရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျနော်တို့ အပေါ် ဝေဖန်မှုတွေ တဖြည်းဖြည်းနဲ့ရှိလာတယ်။  ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာရှိတယ်။ နိုင်ငံရဲ့သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်လို့ ထုတ်ပြောတာ။ တော်ရုံတန်ရုံဆိုရင် ကျနော်ပြောခဲပါတယ်။  မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။  ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ ဦးဇော်ဌေးက “ Rule of the game က ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေပဲ။ ဒီ game စည်းမျဉ်းအတိုင်းပဲ အကုန်လုံးကသွားရမှာပဲ။ ဒီ Game စည်းမျဉ်းအတိုင်းမသွားဘူးဆိုရင်တော့ ဒီ Game က ပျက်ပြီ။ ဟုတ်ပြီနော်။ ဒါတွေက ဘာဖြစ်လာမယ်၊ ဘာဖြစ် လာမယ်လို့ ဘယ်သူမှလည်းမသိဘူး၊ ဘယ်သူမှလည်း မပြောနိုင်ဘူး၊ ကျနော်တို့လည်းမသိဘူး။ ဒါကအမျိုးမျိုးမှန်းဆ ချက်တွေပေါ့နော် ” လို့ ပြောပါတယ်။ ဒါအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံ ရမယ်လို့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်း လုံးဝမရှိတာကို သတိပြုသင့်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိပါးအောင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တွေက လုပ်ဆောင်နေတယ်ဆိုတာ အချိန်ကျရင် ပေါ်လွင်လာမှာဖြစ်ပြီး ခုအချိန်ကတည်းက ရွေးကောက်ပွဲတရားမျှတခြင်း မရှိဘူးလို့ ကြိုတင်အပြစ်တင် ဆုံးဖြတ်နေ တာဟာ မသင့်လျော်ဘူးလို့လည်း ပြောပါတယ်။ ခုရက်ပိုင်းအတွင်းကြိုတင်မဲပေးတာတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိပြီး တရားဝင်တိုင်ကြားတဲ့ အမှုဖွင့်ထားတာတွေလည်း ရှိသလို ဥပဒေကြောင်းအရ စစ်ဆေးဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်ပြီး ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုတွေကိုလည်း အထူးသတိပြုကြစေလိုတယ်လို့လည်း ဆိုပါတယ်။
9 months Ago

“တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်တယ်လို့ပြောခဲ့တဲ့ အကြောင်းနဲ့ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေ ဖြစ်လာတယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ Asian Fame Media ပေါ်ပြူလာနယူးစ်ဂျာနယ်ရဲ့ မေးမြန်းချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  Video Teleconference က တစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားရာမှာ ထည့်သွင်းပြောကြားသွားတာပါ။ “ကျနော်တို့ လိုလားချက်ကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ပါပဲ။ ၂၀၁၅ ခုနှစ် မဲပေးတဲ့အချိန်မှာ  မဲပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ကျနော့်ကို မေးခဲ့တယ်။ ဘယ်လို လုပ်မလဲ ဆိုပြီးတော့။ ခင်များဗျာ ကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဲ့သဘောပေါ့လေ ရွေးကောက်ပွဲမှာ result ကို ကြေညာတဲ့အတွက် ကျနော်တို့ လက်ခံနိုင်တယ်လို့ပြောခဲ့တာ ရှိတယ်။  အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေ ဖြစ်လာတယ်။  အခုလိုမျိုးတွေ ကျနော်ဖြစ်စေချင်ဘူး။ ဒါကြောင့်  သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ။”လို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  နိုဝင်ဘာ ၂ ရက်နေ့ ညက  တပ်မတော်က ကြေညာချက်နှစ်ခုကို ထုတ်ပြန်ခဲ့တဲ့ အပေါ် မေးမြန်းချက်နဲ့ ပတ်သက်လို့  တပ်မတော်အကြီးအကဲက ရှင်းလင်းပြောသွားပါတယ်။ “တတိယအကြိမ်ပြုလုပ်မယ့် ရွေးကောက်ပွဲနှင့်ပတ်သက်ရင် စပြီးကြေညာတဲ့ အချိန်ကစပြီး ကျနော်တို့လည်း သတိကြီးစွာစောင့်ကြည့်လာခဲ့တယ်။ ကျနော်တို့ တော်ယုံတန်ယုံတော့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော် အစိုးရဦးဆောင်မှုနဲ့ နိုင်ငံတော်ကလုပ်နေတယ်။  သိပ်ပြီးတော့လိုအပ်လို့ရှိရင် အသိပေးသင့်တဲ့ကိစ္စများကို အသိပေးတာရှိပါတယ်။  ဒါကလည်း ရွေးကောက်ပွဲကလည်း  သိပ်ပြီးအရေးကြီးတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရ ကလည်း ရွေးကောက်ပွဲရဲ့ အနှစ်သာရပဲ။ အစိုးရကလည်း ဒီအပေါ်မှာအဆုံးအဖြတ် ပေးရမယ့် ကိစ္စဖြစ်နေတယ်။  မှတ်ကျောက်တင်ရမယ့် ကိစ္စလည်းဖြစ်တယ်။ ဒီမှာ အားနည်းချက်တွေက   တော်တော်များများ တွေ့ရတယ်။ စတွေ့တာက  ဩဂုတ်လ ၈ ရက်နေ့ နောက်ပိုင်း မဲဆွယ်စည်းရုံးမှု စတင်သည့်ကာလကနေစပြီး အားနည်းချက်တွေကို သတိပြုမိတယ်။ ကိုဗစ်-၁၉ ဖြစ်နေတဲ့ကာလဆိုတော့ ပိုပြီးသတိထားရတာပေါ့။  မဲပေးခွင့်နှင့် ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာလည်း တော်တော်မှားယွင်းမှုတွေတွေ့ရတယ်။  မဲစာရင်းကြေညာတဲ့အခါ အမှားအယွင်းတွေ တော်တော်များများပါတယ်။  မှားသင့်မှားထိုက်တဲ့ ကိစ္စဆိုရင်တော့ ကိစ္စမရှိဘူး။ သို့သော်လည်း မမှားသင့်တဲ့ကိစ္စတွေ ဖြစ်နေတယ်။” ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လေးနှစ်ကျော်ကာလ ပြင်ဆင်ချိန်တွေရခဲ့သလို  ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ ၂ ခုလုပ်ခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့ပြီးဖြစ်လို ဒီအပေါ်မှာ ပိုပြီးကောင်းတဲ့ရွေးကောက်ပွဲကို တပ်မတော်က  မျှော်လင့်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို  သတိပေးတဲ့အကြောင်းအရာက ဥပဒေအကြောင်းအရ ညီညွတ်တယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောသွားပါတယ်။ “ဘာလို့ မညီညွတ်မလဲ။ တပ်မတော်က  နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့တာဝန်ရှိတယ်။  နောက်အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်း ပေးထားတယ်။ ဒီဟာက အခြေခံဥပဒေကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ နိုင်ငံတော်ကြီး တည်ဆောက်ထားတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။ ကျနော်တို့ မပြောလို့ရှိရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျနော်တို့ အပေါ် ဝေဖန်မှုတွေ တဖြည်းဖြည်းနဲ့ရှိလာတယ်။  ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာရှိတယ်။ နိုင်ငံရဲ့သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်လို့ ထုတ်ပြောတာ။ တော်ရုံတန်ရုံဆိုရင် ကျနော်ပြောခဲပါတယ်။  မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်။” ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ဖြစ်တဲ့အပြင်  အပြန်အလှန်တာဝန်ခံရတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့မှာလည်း တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  နိုဝင်ဘာ ၂  ရက်မှာ ကြေညာခဲ့တာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ အခြေအမြစ်မရှိတဲ့ သတင်းအချက်အလက်တွေကို ပြောဆို၊ ရေးသား၊ ဖြန့်ချိတာတွေဟာ  ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက်တဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတယ်လို့ နိုဝင်ဘာ ၃ ရက်မှာ အသိပေးကြေညာထားပါတယ်။ ဓာတ်ပုံ-DSINFO
9 months Ago
More News
Up