ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု

May 6, 2020

လက်တင်အမေရိကဒေသက အကျဉ်းထောင်များ၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု စိုးရိမ်စရာကောင်းနေ 

အမေရိကန်နဲ့ဒေသတွင်း လက်တင်အမေရိကနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ လူတွေကြပ်ညပ်နေပြီး တကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ ထောင်တွေဟာ အကြီးစား စိုးရိမ်စရာ နေရာတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မေ ၅ ရက်မှာ ပြောပါတယ်။ တချို့ကိစ္စတွေမှာ ရောဂါကူးစက်မှာ ကြောက်ရာက ထောင်တွင်း အဓိကရုဏ်းတွေ ဖြစ်လာလို့ ဗင်နီဇွဲလား၊ ပီရူးနဲ့ ကိုလံဘီယာနိုင်ငံတွေမှာ လတ်တလော သီတင်းပတ်တွေအတွင်း ထောင်သား ဒါဇင်နဲ့ချီ သေဆုံးပါတယ်။ ဒီဖြစ်ရပ်တွေကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးဖို့  (UNOHCHR) က ဆော်သြပါတယ်။ နဂိုကတည်းကရှိနေတဲ့ ဖွဲ့စည်းပုံ ပြဿနာတွေကြားမှာ ကိုရိုနာဗိုင်းရပ်စ် အမြန်ကူးစက်နေလို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စွမ်း ကင်းမဲ့တာက ပြဿနာပိုတိုးစေတယ်လို့ (UNOHCHR) ပြောခွင့်ရ ရုပါ့တ် ကိုဗီလီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တချို့နေရာတွေမှာ ထိန်းချုပ်နိုင်စွမ်းထက်ပိုနေပြီး ရောဂါခြေချုပ် စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ထောင်သောင်းချီတဲ့လူတွေ အဖမ်းခံ ထိန်းသိမ်းခံထားရတာကို စိုးရိမ်ကြောင်းလည်း ကုလက ပြောခဲ့ပြီးပါပြီ။ နယူးယောက်နဲ့ ချီကာဂို အပါအဝင် ထောင်တွေထဲက လူထောင်ချီတဲ့ ကူးစက်မှုတွေဟာ အကြီးစားစိုးရိမ်စရာကိစ္စဖြစ်ကြောင်းနဲ့ ဒုတိယအဆင့် ရာဇဝတ်မှုကြောင့် ထောင်ကျနေတဲ့ ထောင်သားတွေကို ပြန်လွှတ်ပေးတာလိုမျိုး တိုးတက်မှုတချို့မြင်ရတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နိုင်ငံထဲက ထောင်တွေမှာ ထောင်သား ၂ ဒသမ ၃သန်းကို ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
1 year Ago
Up