ဗိုင်းရပ်စ်

June 26, 2020

ကိုဗစ်-၁၉ ကို အနမ်းဖြင့်ကုသည့် အိန္ဒိယပျောက်စေဆရာ ဗိုင်းရပ်စ်ကြောင့် သေဆုံး

လူနာရဲ့ လက်ကိုနမ်းပေးလိုက်ရုံနဲ့ ကိုဗစ်-၁၉ အပါအဝင်ရောဂါတွေကို ပျောက်အောင်ကုသ ပေးနိုင်တယ်လို့ကြွေးကြော်ထားတဲ့  အိန္ဒိယနိုင်ငံက ပျောက်စေဆရာတဦးဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးခဲ့ရပါတယ်။   အတ်စ်လမ်လို့ခေါ်တဲ့ ဒီဆရာဟာ အိန္ဒိယနိုင်ငံမဟာပရာဒတ်ရှ်ပြည်နယ် ရတ်လမ်မှာ နေထိုင်သူဖြစ်ပြီးတော့ သူ့ရဲ့ “အနမ်းကုထုံး” ဟာ ရောဂါတွေကို သက်သာစေတယ်လို့ သူ့ နောက်လိုက်တွေကို ပြောဆိုခဲ့ပါတယ်။  ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ အတ်စ်လမ်ဟာ ဇွန်လ ၃ ရက်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကုသမှုခံယူခဲ့ ရပြီး နောက်တစ်နေ့မှာ သေဆုံးခဲ့ပါတယ်။  သူသေဆုံးရတဲ့ သတင်းဟာ ခဏအတွင်းမှာပင် ပျံ့နှံ့သွားခဲ့ပြီး နာရေးကို သူ့ တပည့်နောက်လိုက်တွေက လာရောက်ကူညီခဲ့ပါတယ်။  ဒါ့ကြောင့် ဒီဆရာရဲ့အနမ်းကုထုံးဟာ  ကိုဗစ်-၁၉ ရောဂါကို မပျောက်ကင်းစေခဲ့တဲ့အပြင် ရောဂါ ကူးစက်မှုတွေကိုလည်း ပေါ်ပေါက်စေခဲ့ပါတယ်။  ရတ်လမ်မှာရှိတဲ့ တာဝန်ရှိသူတွေက ပျောက်စေဆရာအတ်စ်လန်မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရ ကြောင်း သိရှိပြီးချိန်ကတည်းက သူ့ဆီမှာ ကုသမှုခံယူခဲ့သူတွေကို ခြေရာခံခဲ့ပါတယ်။ သူတို့ ဖော်ထုတ်နိုင်ခဲ့တဲ့ လူအယောက် ၄၀ မှာ အယောက် ၂၀ က ဗိုင်းရပ်စ်ပိုးကူးစက်ခံထား ရကြောင်း တွေ့ခဲ့ရပါတယ်။  ရတ်လမ်မှာ ဇွန်လ ၉  ရက်တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄ ဦးကိုတွေ့ရှိခဲ့ရကာ အဲဒီထဲကမှ ၁၃ ဦးမှာ အတ်စ်လမ်နဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေပဲဖြစ်ပါတယ်။  “သူ့မိသားစုဝင် ခုနစ်ဦးအပါအဝင် လူအယောက် ၂၀ ဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပါတယ်” လို့ ပြည်နယ်ရဲ့ကျန်းမာရေးဌာနက Times of India သတင်းစာကိုပြောပါတယ်။  အိန္ဒိယအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရမ ကြာသေးခင်အချိန်အတွင်း နိုင်ငံတွင်းမှာ အတ်စ်လမ်လို ကုသမှုပြုလုပ်ပေးနိုင်တယ်လို့ပြောတဲ့  ပျောက်စေဆရာ ၂၉ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။  ဒါပေမယ့် အဲ့ဒီလူတွေထဲကတချို့ဟာ ရောဂါကို အမှန်တကယ်မကုသနိုင်ဘဲ ရောဂါကူး စက်မှုကို ပိုမိုဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။ 
10 months Ago

June 25, 2020

သြစတြေးလျတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်းမြင့်တက်၊ ဗိုင်းရပ်စ်စစ်ဆေးမှု အရှိန်မြှင့်

သြစတြေးလျနိုင်ငံမှာ  တရက်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ အများဆုံးစံချိန်တင် မြင့်တက်လာတာကြောင့် ဇွန် ၂၅ ရက်က  ဒုတိယ လူဦးရေ အထူထပ်ဆုံး ဗစ်တိုးရီးယားပြည်နယ်မှာ   ဗိုင်းရပ်စ် စစ်ဆေးတာတွေ အရှိန်မြှင့်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗစ်တိုးရီးယားပြည်နယ်မှာ  ဗိုင်းရပ်စ်ရှိသူ  ၃၃ ယောက်ကို တွေ့ခဲ့ပြီး  ပြည်နယ်အတွင်း  ရက်ပေါင်း  ၉ ရက်မှာ  အရေအတွက် ဆယ်ဂဏန်းရှိတဲ့ ကူးစက်သူအသစ်တွေကို တွေ့ခဲ့ပါတယ်။ သြစတြေးလျ တနိုင်ငံလုံး ကူးစက်သူ  ၂၇၀ ထဲမှာ ဗစ်တိုးရီးယားပြည်နယ်က ကူးစက်သူ    ၂၀၀ ဝန်းကျင် ဖြစ်နေပါတယ်။  ဝန်ကြီးချုပ် စကော့ မောရစ်ဆင်က ဗိုင်းရပ်စ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာတာကို ကြိုတင် တားဆီးဖို့ ဘေးကင်းရေးအစီအမံတွေ လုပ်ထားတယ်လို့ ပြောဆိုပြီး ပြည်နယ်နဲ့သီးခြားနယ်မြေတွေမှာ စီးပွားရေး လုပ်ငန်း အများအပြားဆက်ဖွင့်ဖို့ တိုက်တွန်း ပြောဆိုပါတယ်။   ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်ကတော့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ဆန္ဒပြင်းပြနေပြိး  ကူးစက်မှုအဆိုးဆုံး ဆင်ခြေဖုံးနေရာတွေမှာ အင်တိုက်အားတိုက် စစ်ဆေးမှုတွေ စတင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
11 months Ago
More News
Up