ဗလီ

April 8, 2021

ပုသိမ်မြို့ပေါ် ခရစ်ယာန်ဘုရားကျောင်းနှင့်ဗလီများကို အကြမ်းဖက်ရဲနှင့်စစ်တပ် ဝင်ရောက်ရှာဖွေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေကို ဧပြီလ ၈ ရက်နေ့ညနေပိုင်းကစတင်ကာ အကြမ်းဖက်ရဲနဲ့ စစ်တပ်က ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ဘုရားကျောင်းတွေနဲ့ ဗလီတွေထဲကို ရဲနဲ့စစ်တပ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးသွားတာမျိုးတော့ မတွေ့ဘူးလို့ မျက်မြင်တွေ့သူတွေက DVB ကိုပြောပါတယ်။

"ညနေ ၅ နာရီလောက်က ရောက်လာပြီး ဝင်ရှာကြတာ။ အကုန်နေရာစုံအောင်ပတ်ရှာတာတွေ့တယ်၊ ဘာရှာတယ်ဆိုတာတော့ သေချာမသိရဘူး၊ နာရီဝက်လောက်ကြာတော့ ပြန်ထွက်လာတာတွေ့တယ်။'' 

ခရစ်ယာန်ဘုရားကျောင်းတွေဖြစ်တဲ့ ကိုသာဖြူဘုရားကျောင်း၊ မြောင်းမြခရစ်ယာန်ဝင်းနဲ့ ထောင်ကုန်းဗလီထဲ ဝင်ရှာခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။

4 weeks Ago

September 5, 2020

ဒါကာမြို့တော် ဗလီတခုအနီး ဂက်စ်ပိုက်ပေါက်ကွဲ၊ ဝတ်ပြုသူ ၁၆ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအပြင်ဘက် နာရာရန်ဂန်ခရိုင်က  ဗလီတခုနားမှာ စက်တင်ဘာ ၄ ရက်ညက ဂက်စ်ပိုက်ပေါက်ကွဲမှုဖြစ်ပြီး ဝတ်ပြုသူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။   ကလေး ၁ ဦးအပါအဝင်  ၁၆ ယောက်ဟာ မီးလောင်ဒဏ်ရာရခဲ့ပြီးနောက် သေဆုံးခဲ့တာပါ။  ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေကို မီးလောင်ဒဏ်ရာနဲ့ ဒါကာ ခွဲစိတ်အထူးကုဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့ပြီး  အများစုဟာ ဒဏ်ရာပြင်းထန်ပါတယ်။   ဒဏ်ရာရသူတွေရဲ့ အခြေအနေဟာ အရေးပေါ်အခြေအနေရှိတာမို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း မီးလောင်ဒဏ်ရာကုသရေးဌာန  တာဝန်ရှိသူက ပြောပါတယ်။  ပေါက်ကွဲမှုဟာ ဗလီဝတ်ကျောင်းအတွင်း စုနေတဲ့ ဂတ်စ်တွေကြောင့်  ဖြစ်ဖွယ်ရှိတယ်လို့ မီးသတ်အရာရှိတွေက ပြောဆိုပါတယ်။   ဂက်စ်ပိုက် ပေါက်ကွဲချိန်  ဗလီအတွင်းရှိ အဲယားကွန်း ၆ လုံးစလုံး ပေါက်ကွဲသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
8 months Ago
More News
Up