ဗလန်စီယာ ကွင်းလယ်လူ ကာလို့စ်ဆိုလာကို ခေါ်ယူရန် မန်ယူ ညှိနှိုင်း

October 23, 2017

ဗလန်စီယာ ကွင်းလယ်လူ ကာလို့စ်ဆိုလာကို ခေါ်ယူရန် မန်ယူ ညှိနှိုင်း

ဗလန်စီယာအသင်း ကွင်းလယ်ကစားသမား ကာလို့စ်ဆိုလာကို ခေါ်ယူဖို့ မန်ယူက ပြောဆိုညှိနှိုင်းနေတယ်လို့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။ နည်းပြ မော်ရင်ဟိုက စပိန် အသက် ၂၁ အောက် လက်ရွေးစင်ကို လာမယ့်ရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ မန်ယူမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖယ်လိုင်နီ၊ ဟာရဲရားနဲ့ မိုက်ကယ်ကာရစ်တို့ ရှိပေမယ့် လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ဆိုလာကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ အားထုတ်နေတာပါ။ ကွင်းလယ်ကစားသမား ဆိုလာဟာ ဗလန်စီယာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
4 years Ago
Up