ဗန်းမော်မြို့

May 7, 2021

ဗန်းမော်မြို့တွင် အသံဗုံးကွဲ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က လမ်းဆုံ မီးပွိုင့်မှာ မေလ ၇ ရက် မနက် ၆ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုမှာ အသံကျယ်လောင်ပြင်းထန်ပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေ မရှိဘဲ  အသံဗုံးသာဖြစ်နိုင်တယ်လို့  ဗန်းမော်မြို့ခံတွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ အခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ CJ

1 day Ago

April 14, 2021

ဗန်းမော်မြို့က ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်

ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား သီဟဝင်း (လ-၂၅၃၉၃၅)ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှဒ CDM မှာ ပါဝင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းလိုက်ပါတယ်။

ဗန်းမော်မြို့မှာ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခဲ့တာဟာ ပြည်သူတွေအပေါ် မတရား ထိခိုက်နစ်နာအောင် ဥပဒေမဲ့ပြုလုပ်စေခိုင်းတာဖြစ်လို့ ဒီလိုမျိုးလုံးဝ မလုပ်ဆောင်နိုင်တဲ့အတွက် မတ်လ ၂၈ ရက်နေ့မှာ တရားဝင်စာတင်ပြီး CDM မှာပါဝင်ခဲ့တာလို့ ရဲတပ်သား သီဟဝင်းက ဆိုပါတယ်။

လုံခြုံစိတ်ချရတဲ့ နေရာသို့ တိမ်းရှောင်ရောက်ရှိပြီးချိန် ဧပြီ ၁၃ ရက်နေ့ရောက်မှ နောက်ကျပြီးမှ ပြည်သူလူထုထံတရားဝင် ပေးသိရတာဖြစ်တယ်လို့ ဗန်းမော်လူမှုကွန်ရက်မှာ ပြောပါတယ်။

ဗန်းမော်မြို့ရပ်ကွက်တွေအတွင်း မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့ပြီး ပလောင်အမျိုးသမီးတစ်ဦး ကျဆုံးခဲ့ရပါတယ်။ ဒါ့အပြင် လူငယ်တစ်ဦးလည်း ကျည်ဆန်ထိမှန်ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြကာ ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိခဲ့ပါတယ်။
သေနတ်ကျည်ဆန် ဆီးခုံကို ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မောင်မျိုးသန့်ကျော်ဟာ မတ်လ ၃၁ ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။

3 weeks Ago
More News
Up