ဗန်းမောက်-အင်းတော်ကားလမ်း မြေသားများမြင့်တက်လာမှု ဒေသခံများစောင့်ကြည့်

November 20, 2015

ဗန်းမောက်-အင်းတော်ကားလမ်း မြေသားများမြင့်တက်လာမှု ဒေသခံများစောင့်ကြည့် (သတင်းဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းရွာကျေးနဲ့ သက္ကကျင်းကျေးရွာအကြား မိုင်တိုင်အမှတ် ၂၀/၃ အနီး ဗန်းမောက်-အင်းတော် ကားလမ်းမပေါ်မှာ မြေသားတွေ တဖြည်းဖြည်း မြင့်မောက်အက်ကွဲလာလို့ ဒေသခံတွေ စိုးရိမ်မှုမကင်း ဖြစ်နေကြပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၁၁ ရက်နေ့က လက်ရှိဖြစ်ပေါ်နေတဲ့ နေရာနဲ့ ၇ မိုင်ခန့်အကွာ အင်းတော်မြို့နယ်၊ ကျွဲကူး၊ ဆိပ်သာ၊ မာန်ဖာ ကျေးရွာတွေကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၅ ပြင်းအားရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် အခုဖြစ်ပေါ်နေတဲ့ မြေအောက်မှာ ပြတ်ရွေ့ကြောတခု ဖြစ်လာမလားဆိုပြီး ဒေသခံတွေ စိုးရိမ်မကင်းဖြစ်နေကြောင်း၊ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာ ကြည့်ရှု ပေးစေလိုကြောင်း နတ်မဟုတ်ကလေး ကျေးရွာနေ ကိုကျော်က ပြောပါတယ်။ သတင်းဓာတ်ပုံ - သီဟဆွေ (ကသာ)  
5 years Ago
Up