ဗကသ ကျောင်းသား ၃ ဦး

December 29, 2018

ဖမ်ဆီးခံရသည့် ရတနာပုံ ဗကသ ကျောင်းသား ၃ ဦးကို အမရပူရတရားရုံးတွင် ရမန်ယူ

မန္တလေးတိုင်း အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်​ကျောင်းဝင်းအတွင်းအပြင်​ လုံခြုံရေးချထားပေးရေးနဲ့ပတ်​သက်ပြီး လှုပ်ရှားမှုပြုလုပ်​ခဲ့လို့ ဖမ်းဆီးထားတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသား ၃ ဦးကို ဒီနေ့မနက်က အမရပူရမြို့နယ် တရားရုံးမှာ ရမန်ယူခဲ့ပါတယ်​။ “ကျနော်တို့ ကျောင်းလုံခြုံရေးကိစ္စတွေ၊ သန့်ရှင်းရေးကိစ္စတွေ တောင်းဆိုနေတာကို ဘာမှ လုပ်မပေးဘူး။ ခုဆို ကျောင်းသားတဦး အသတ်ခံရတယ်၊ ကျနော်တို့ ငြိမ်နေမှာမဟုတ်ဘူး။ ကျနော်တို့ တောင်းဆိုတဲ့အပေါ် အခုလို ဖမ်းဆီးတဲ့သူတွေကိုလည်း ဘာကိုမှ ပြော​နေမှာမဟုတ်ဘူး။ ကျ​နော်​တို့ လုပ်​စရာရှိတာ ဆက်​လုပ်​သွားမှာပါ” လို့ ဖမ်းဆီးခံ ကျောင်းသား ကိုရဲမျိုးဆွေက​ ပြောပါတယ်​။ ​ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသက ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမျိုးဆွေတို့ ၃ ဦးကို မြို့နယ် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးနဲ့ တက္ကသိုလ်တာဝန်ရှိသူတဦးတို့က တရားလိုပြုလုပ်ပြီး ပုဒ်​မ ၅၀၅ (ခ) (နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု)၊ ပုဒ်​မ ၁၉ (ငြိမ်းစုစီဥပ​ဒေ)၊ ပုဒ်​မ ၁၁၄ (ပြစ်​မှုကျူးလွန်​ရာတွင်​ပူး​ပေါင်​ကြံစည်​မှု)၊ ပုဒ်​မ ၃၅၃ (တာဝန်​၀တ္တရား​နှောင့်​ယှက်​မှု)၊ ပုဒ်​မ ၄၃၅ (မီးရှို့ဖျက်ဆီးမှု) စတဲ့ ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားတာလည်း ဖြစ်ပါတယ်။ ရတနာပုံတက္ကသိုလ် ​​ဗကသ​ကျောင်းသား ၃ ဦးအား ပထမဆုံးအကြိမ် ​ရုံးချိန်းကို အမရပူရ တရားရုံးက ဇန်​နဝါရီ ၁၁ ရက်နေ့ ချိန်းဆိုထားပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ၅ လအတွင်း တက္ကသိုလ်ကျောင်းသား ၃ ဦး အသတ်ခံခဲ့ရတဲ့အတွက် ကျောင်းပရဝုဏ်တွေမှာ လုံခြုံရေး ဝန်ထမ်းတွေ တိုးမြှင့်ချထားပေးရေးအတွက် အကြိမ်ကြိမ် ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။
2 years Ago
Up