ဖြန့်ဖြူးရောင်းချသူ ၅၁ ဦး

October 8, 2020

ဘာစီလိုနာ၌ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူ ၅၁ ဦးကို စပိန်ရဲဖမ်းဆီး

စပိန်ရဲတွေဟာ ဘာစီလိုနာမြို့ အယ်လ်ရာဗယ်ရက်ကွက်မှာ အောက်တိုဘာ ၇ ရက် မူးယစ်တိုက်ဖျက်ရေးစီးနင်းရှာဖွေမှုအတွင်း လူ ၅၁ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသခံမီဒီယာက ကြေညာပါတယ်။  ကာတာလန်ဒေသန္တရ ရဲတပ်ဖွဲ့၊ အမျိုးသားရဲတပ်ဖွဲ့နဲ့ မြို့ပြရဲတပ်ဖွဲ့တို့က ရဲစုံထောက် အယောက် ၁၀၀၀ လောက်ကို အောက်တိုဘာ ၇  ရက်မနက်အစောပိုင်းက အယ်လ်ရာဗယ် ရပ်ကွက်မှာ တာဝန်ချထားခဲ့တာပါ။  ကာတာလိုးနီးယားပြည်နယ်အတွင်း ဘိန်းဖြူနဲ့ကိုကင်း ဖြန့်ဖြူးရောင်းချမှုကို ထိန်းချုပ်နေ တဲ့ ရာဇဝတ်ကွန်ရက် အမျိုးမျိုးကို ဖြိုခွင်းဖို့ ရည်မှန်းထားတဲ့ အကြီးစားစစ်ဆင်ရေး ကိုလီစီယိုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။  မူးယစ်ကုန်ကူးမှုနဲ့ နာမည်ကြီးနေတဲ့ ဒီဒေသကို ရှင်းလင်းပစ်တာ အင်မတန် ကောင်းတယ် လို့ ဒေသခံတွေက ပြောပါတယ်။  စီးနင်းမှုအတွင်း အမျိုးသားနဲ့အမျိုးသမီး ၅၁ ယောက်ကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ၅ ကီလိုကျော်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။
9 months Ago
Up