ဖြန့်ဖြူးပေ

July 2, 2020

တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကုသဆေးများ စတင်ဖြန့်ဖြူးပေးနေ  

တောင်ကိုရီးယားအစိုးရဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကုသတဲ့ ရမ်ဒေစီဗီယာဆေးတွေကို စပြီး ဖြန့်ဖြူးပေးနေပြီလို့ ရောဂါထိန်းချုပ်ရေးဌာနက ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။ ဒီဆေးတွေကို ဂျီလိဒ်သိပ္ပံနိုင်ငံတကာကော်ပိုရေးရှင်းက လှူခဲ့တာဖြစ်ပြီး နောက်ထပ် ဆေး တွေကို သြဂုတ်လမှာဝယ်ဖို့ ဆွေးနွေးပွဲ စတင်ရေး စီစဉ်နေပြီလို့လည်း ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရမ်ဒေစီဗီယာဆေးတပုလင်းကို အမေရိကန် ဒေါ်လာ ၃၉၀ သတ်မှတ်မယ်လို့ ဂျီလိဒ်က ဇွန်လ ၂၉ ရက်မှာ ပြောအပြီး ဆေးဝယ်ယူရေးအစီအစဉ်ကို ဖော်ပြခဲ့တဲ့ အထဲမှာ တောင်ကိုရီးယားဟာ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။  ဂျီလိဒ်ဟာ လာမယ့် ၃လကျော် ကာလအတွင်း ဖြန့်ဖြူးမယ့်ဆေး အားလုံးနီးပါးကို အမေရိကန်နိုင်ငံဆီ တင်ပို့ဖို့ သဘောတူ ထားပါတယ်။  ကိုဗစ်-၁၉ ကြောင့် ဆိုးဆိုးရွားရွားနေမကောင်း ဖြစ်နေသူတွေမှသာ ဒီဆေးကိုသုံးဖို့ သင့်တော်ပါတယ်။  တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြု လူနာ စုစုပေါင်း ၁၂၈၅၀ ယောက် ရှိခဲ့ပြီး ၂၈၂ ယောက် သေဆုံးခဲ့ပါတယ်။
12 months Ago
Up