(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

December 29, 2020

ဇော်ဝင်းထွဋ်နှင့် နာမည်ကျော်များပါဝင်သည့် နှစ်ကူးဂီတဖျော်ဖြေပွဲ အွန်လိုင်းက ကျင်းပမည်

နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ဝိုင်းစုခိုင်သိန်းတို့နဲ့အတူ တ ခြားနာမည်ကြီး အဆိုတော်တွေ ပါဝင်ကြမယ့် နှစ်သစ်ကူးဂီတဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ 50TV နဲ့ မြန်မာ့ရုပ်မြင်သံကြားတို့က ပူးပေါင်းစီစဉ်ပြီး အွန် လိုင်းလိုက်ဖ်အနေနဲ့ ည ၈ နာရီခွဲက စတင်ကျင်းပသွားမှာဖြစ်ကာ ရုပ်သံကတဆင့်လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဇော်ဝင်းထွဋ်၊ ဝိုင်းစုခိုင်းသိန်းတို့နဲ့အတူ ရင်ဂို၊ အောင်ထက်၊ ဝေလ၊ အောင် လ(Reason)၊ DJ Wine (Double U)တို့လည်း ပါဝင်သွားကြမှာဖြစ်ကာ တခြားဧည့်သည် အဆိုရှင်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ သင်္ကြန်ပွဲတော်ကစတင်ကာ နောက်ပိုင်းပွဲတော်တွေကို ခမ်းခမ်းနားနား မကျင်းပနိုင်တော့ ပဲ အခုလို အွန်လိုင်းလိုက်ဖ်အနေနဲ့ ကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၂၂,၅၃၄ ယောက်နဲ့ သေဆုံးသူ ၂,၆၁၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မြင့်တက်မလာစေဖို့အတွက် အစိုးရကလည်း ပြည်သူတွေကို မလိုအပ်ပဲ အပြင်မထွက်ကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနား တွေကို ရှောင်ကြဉ်ကြဖို့နဲ့ မလွှဲမရှောင်သာလို့ အပြင်ထွက်ရတယ်ဆိုရင်လည်း နှာခေါင်း စည်း Mask အကာအကွယ်နဲ့ တကိုယ်ရေ သန့်ရှင်းမှုအပါအဝင် လက်ကို ခဏခဏ ဆေး ကြဖို့ စတာတွေကို အသိပေးနှိုးဆော်မှုတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ထားပါတယ်။
4 months Ago

December 21, 2020

The Voice Myanmar တွင် နဂါးနီသီချင်းကို ကိုယ်တိုင်ဆိုင်းတီးသီဆိုပြီး အစွမ်းပြခဲ့သူ ခင်ရတနာစိုး (ရုပ်သံ) 

“ဆင်းရဲခြင်း လွတ်ကင်းအောင်… လမ်းပြဆောင်ပါမည်… ရတနာခုနစ်သွယ် တကယ်ပင်စုံညီ… တို့အမျိုးသားတိုင်းပြည်… ဆင်းရဲခြင်း လွတ်ကင်းအောင်… လမ်းပြ ဆောင်ပါမည်… ရတနာခုနစ်သွယ် တကယ်ပင်စုံညီ… တို့အမျိုးသားတိုင်းပြည်… မွဲတဲ့လူ လှူဒါန်းနိုင်မည်… ကျောင်းဆောက်ကာ ဘုရားတည်… ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏ တို့… မ,တဲ့ကိန်းဆိုက်မယ်” ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တေးရေး ရွှေတိုင်ညွန့် ရေးစပ်ထားခဲ့တဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “နဂါးနီ”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ ခုတခါမှာတော့ ဒီသီချင်းကို The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာ ပြိုင်ပွဲဝင် ခင်ရတနာစိုးရဲ့ သီဆိုယှဉ်ပြိုင်မှုနဲ့ တကျော့ပြန် ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။ မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ခင်ရတနာစိုးက ဒီသီချင်းကို ဆိုင်းဝိုင်းနဲ့ ကိုယ်တိုင်တီးပြီး အစွမ်းပြယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဒိုက်ဦးမြို့က ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၀ အရွယ် ခင်ရတနာစိုးဟာ Blind Audition အဆင့်မှာ အားလုံးရင်းနှီးကျွမ်းဝင်ကြပြီးဖြစ်တဲ့ “ငယ်ကျွမ်းဆွေ”သီချင်းနဲ့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Battle Round အဆင့်ပြိုင်ပွဲမှာတော့ ခိုင်သဒ္ဒါစိမ့်နဲ့အတူ တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းနဲ့ အပြိုင်ကြဲသီဆိုခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ နောက်တဆင့် KnockOut Round အဆင့်မှာတော့ ခင်ရတနာစိုးက “ဘယ်ရည်းစားကိုအချစ်ဆုံးလဲ” သီချင်းနဲ့ ယှဉ်ပြိုင်ကာ Live Show အဆင့်ကို ဆက်လက်တက် ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပရိသတ်တွေက မဲပေးမှုအများဆုံး ပြိုင်ပွဲဝင်တယောက်နဲ့ သက်ဆိုင်ရာ Coach က ထပ်မံရွေးချယ်တဲ့ ပြိုင်ပွဲဝင်တယောက်ကိုသာ ထပ်မံပြီးတော့ ရွေးချယ်တာဖြစ်ကာ ခင်ရတနာစိုးက မီးနိုရဲ့ “အနှောင်အဖွဲ့”သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်အစွမ်းပြသွားခဲ့ပြီး ပရိသတ်မဲ အများဆုံးနဲ့ နောက်တဆင့် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆီမီးဖိုင်နယ်အဆင့်မှာတော့ ခင်ရတနာစိုးက “ဆောင်းကြာခြည်” သီချင်းနဲ့ ထပ်မံအစွမ်းပြပြီး မဲအများဆုံးနဲ့ တဦးတည်းသော အမျိုးသမီးပြိုင်ပွဲဝင်အနေနဲ့ နောက်ဆုံးဖိုင် နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာပါ။ ဒီအဆင့်မှာတော့ ခင်ရတနာစိုးက “နဂါးနီ”၊ N Oo L က “ခရီးသွားမီးခိုးတန်းများ”၊ တွမ်ပီးက “အိပ်မက်+ Shadow of the day” ၊ Error အဖွဲ့က “This is the rap” သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်မဲအများဆုံးနဲ့ Winner ဆုရရှိသူကို ရွေးချယ်ခဲ့ရာမှာ N Oo L က ရရှိသွားခဲ့တာပါ။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ N Oo L ဟာ တတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
5 months Ago

The Voice Myanmar ပြိုင်ပွဲတွင် N Oo L က Winner ဆုရရှိ (ရုပ်သံ) 

လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar Season 3 သီချင်းဆို ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲကို မနေ့ညကကျင်းပရာမှာ ပြိုင်ပွဲဝင် N Oo L က ပရိသတ်တွေပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုကို ရရှိသွားခဲ့ပါတယ်။ ဒီအဆင့်မှာ Team R. ဇာနည်ရဲ့ အဖွဲ့ထဲက N Oo L၊ Team ကျားပေါက်ရဲ့ အဖွဲ့ထဲက တွမ်ပီး၊ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ခင်ရတနာစိုး၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက Error အဖွဲ့တို့က အပြိုင်ကြဲသီဆို ယှဉ်ပြိုင်သွားခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round၊ စတုတ္ထအဆင့် Live Show ပြိုင်ပွဲနဲ့ ပဉ္စမအဆင့် ဆီမီးဖိုင်နယ်တွေပြီးသွားခဲ့ပြီး နောက်ဆုံးဖိုင်နယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ N Oo L က “ခရီးသွားမီးခိုးတန်းများ”၊ တွမ်ပီးက “အိပ်မက်+ Shadow of the day” ၊ ခင်ရတနာစိုးက “နဂါးနီ”၊ Error အဖွဲ့က “This is the rap” သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်မဲအများဆုံးနဲ့ Winner ဆုရရှိသူကို ရွေးချယ်ခဲ့ရာမှာ N Oo L က ရရှိသွားခဲ့တာပါ။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ N Oo L ဟာ တတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ- The Voice Myanmar
5 months Ago
More News
Up