ဖော့ကန်

April 28, 2021

အင်းစိန် ဖော့ကန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မင်္ဂလာလမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာ ဧပြီ ၂၈ ရက် မနက် ၁၁ နာရီခွဲလောက်က   ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေအိမ်မှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်တာ ဝန်ပေးအပ်ထားသူဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်  မင်္ဂလာလမ်းကို ပိတ်ထားလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေရောက်ရှိလာပါတယ်။ 

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးတဲ့အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

2 months Ago
Up