ဖောက်ခွဲဖျက်ဆီးခံရ

December 10, 2020

အီရတ်မြောက်ပိုင်းရှိ  ရေနံတွင်း ၂ ခု ဖောက်ခွဲဖျက်ဆီးခံရ

အီရတ်နိုင်ငံ မြောက်ပိုင်း ခတ်ဘက်ဇ် ရေနံမြေက ရေနံတွင်းငယ် ၂ ခုဟာ ဒီဇင်ဘာ ၉ရက်က အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။  ဒါပေမဲ့ ရေနံမြေ တခုလုံး အနေနဲ့ ထုတ်လုပ်မှု အားလုံးအပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ အီရတ် ရေနံဝန်ကြီးဌာနနဲ့ အရာရှိတွေက ပြောပါတယ်။ ကာကတ်မြို့ အနောက်တောင်ဘက် ၁၂ မိုင်အကွာ ခက်ဘ်ဘက်ဇ် ရေနံမြေက ရေနံတွင်း ၂ တွင်းကို ပစ်မှတ်ထား ဖောက်ခွဲမှု နောက်ကွယ်က တိုက်ခိုက်သူတွေ ဘယ်သူဆိုတဲ့ အသးစိတ် အချက်အလက်ကိုတော့ ဝန်ကြီးဌာနက မပေးခဲ့ပါဘူး။  နည်းပညာ အဖွဲ့က မီးလောင်နေတဲ့ ရေနံတွင်း ၂ တွင်းကို သီးခြား ခွဲထားနိုင်ခဲ့ပြီး အထွက်နှုန်းကို မထိခိုက်စေခဲ့ဘူးလို့ အစိုးရပိုင် North Oil ရေနံ ကုမ္ပဏီ က ပြောပါတယ်။ ပစ်မှတ်ထားခံရတဲ့ ရေနံတွင်း ၂တွင်းရဲ့ ရေနံ ထွက်နှုန်းက တရက်ကို ရေနံစိမ်းစည် ၂၀၀၀  မကျော်ဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။  ရေနံတွင်း ၂ တွင်းမှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေဟာ မနက် တနာရီခွဲနဲ့ ၂ နာရီတို့မှာ နာရီဝက်ခြားပြီး ပေါက်ကွဲ မီးလောင်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
6 months Ago
Up