ဖီဖာဥက္ကဋ္ဌ

November 7, 2018

ဖီဖာဥက္ကဋ္ဌနှင့် မန်စီးတီး၊ ပီအက်စ်ဂျီတို့ကြား သဘောတူညီမှုများကို Football Leaks ထုတ်ဖော်

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းကြီးတွေနဲ့ အသင်းငယ်တွေအကြား တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်လာစေရေး ချမှတ်ခဲ့တဲ့ FFP စည်းမျဉ်းသစ်နဲ့ ကိုက်ညီမှုရှိရေးအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ မန်စီးတီး၊ ပီအက်စ်ဂျီအသင်းတို့ကြား တိုးတိုးတိတ်တိတ် သဘောတူညီခဲ့တာတွေကို Football Leaks က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ FFP စည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစာရင်းတွေ အပြောင်းအလဲများစွာ လုပ်ခဲ့ပြီး စပွန်ဆာကြေးတွေကို တိုးမြှင့်ဖော်ပြခဲ့သလို Aabar က ရရှိတဲ့ တနှစ်စပွန်ဆာကြေးဟာ ပေါင် ၃ သန်းသာ ရှိပေမယ့် ၁၂ သန်းထိ တိုးမြှင့်ဖော်ပြခဲ့သလို မန်စီးတီးသူဌေး ရှိတ်မန်ဆော်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကနေ တဖက်လှည့်နဲ့ စပွန်ဆာကြေးတွေကို ပြန်လည်ပေးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဖြစ်စဉ်အစအဆုံးကို ဖော်ပြရေးသားဖို့အတွက် နာမည်ကြီး အားကစားမီဒီယာတွေက လိုက်လံစုံစမ်းနေကြပေမယ့် အသင်းဘက်ကတော့ အသင်းရဲ့ပုံရိပ်ကို ထိခိုက်ဖို့ တခုတည်းအတွက် အခုလို ရည်ရွယ်တာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အရှေ့အလယ်ပိုင်းသူဌေးတွေ ဝယ်ယူပြီးတဲ့ အချိန်ကစပြီးတော့ အသင်းအတွက် ဘဏ္ဍာငွေကြေး အမြောက်အမြားသုံးစွဲပြီး အောင်မြင်မှုတွေ ရယူနေတဲ့ အသင်းတွေအဖြစ် နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။
3 years Ago

August 29, 2018

ဖီဖာဥက္ကဋ္ဌနှင့် အမေရိကန်သမ္မတတို့ အိမ်ဖြူတော်တွင် ဆွေးနွေး

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ သြဂုတ် ၂၈ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက သူ့ရဲ့အမည် ရိုက်နှိပ်ထားတဲ့ ဂျာစီတထည်ကို သမ္မတ ဒေါ်နယ်ထရမ့်ဆီ လက်ဆောင်ပေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အမေရိကန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာလို့စ်ကော်ဒီယာရိုလည်း ပါဝင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို ဂျာစီတထည် လက်ဆောင်ပေးခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖီဖာဥက္ကဋ္ဌပေးတဲ့ အနီကတ်ကိုလည်း ဝှေ့ယမ်းပြသခဲ့ပါတယ်။ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့အကြီးမားဆုံး အားကစားပွဲတရပ် ဖြစ်လာလိမ့်မယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ်အနေနဲ့ စုစုပေါင်း အသင်း ၄၈ သင်း ပါဝင်မှာဖြစ်ပြီး အမေရိကန်နဲ့အတူ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up