ဖီနာဘာချီအသင်း၏ ကမ်းလှမ်းမှုကို မန်ယူနောက်ခံလူ လုခ်ရှော ပယ်ချ

November 8, 2017

ဖီနာဘာချီအသင်း၏ ကမ်းလှမ်းမှုကို မန်ယူနောက်ခံလူ လုခ်ရှော ပယ်ချ

မန်ယူနောက်ခံလူ လုခ်ရှောဟာ တူရကီကလပ် ဖီနာဘာချီအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး မန်ယူအသင်းမှာပဲ ပွဲထွက်ခွင့်တနေရာရဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။ အင်္ဂလန် ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ ဒဏ်ရာပြဿနာတွေရှိခဲ့လို့ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ဒီနှစ်ရာသီမှာ ၄၈ မိနစ်ပဲ ကစားခွင့်ရသေးတာပါ။ လုခ်ရှောအနေနဲ့ အသင်းကနေ ထွက်ခွာလိုခြင်း မရှိပေမယ့် ဖီနာဘာချီအသင်းဘက်က မက်မောလောက်တဲ့ ပြောင်းရွှေ့ကြေး ပေးမယ်ဆိုရင်တော့ နည်းပြမော်ရင်ဟိုက ရောင်းထုတ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်ရှိ လုခ်ရှောဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်ကနေ မန်ယူကို ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။
4 years Ago
Up