ဖိလစ်ပိုင်အလှမယ်

December 18, 2018

မယ်စကြဝဠာသရဖူ ဖိလစ်ပိုင်အလှမယ် ဆွတ်ခူး (ရုပ်သံ)

မယ်စကြဝဠာပြိုင်ပွဲရဲ့ အလှမယ်ဆုကို ဖိလစ်ပိုင်အလှမယ် ကက်ထရီအိုနာဂေးက ဆွတ်ခူးသွားပါတယ်။ မယ်စကြဝဠာပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပသွားတာပါ။ အလှမယ်ဆု ရရှိသွားတဲ့ အသက် ၂၄ နှစ်အရွယ် မစ္စဂေးဟာ သြစတြေးလျဖခင်နဲ့ ဖိလစ်ပိုင်မိခင်တို့က မွေးဖွားလာသူပါ။ ဒုတိယဆုကို တောင်အာဖရိက အလှမယ် တာမန် ဂရင်း၊ တတိယဆုကို ဗင်နီဇွဲလား အလှမယ် တက်ဖနီ ဂွီတာရက်စ်တို့က ရရှိသွားပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်ခွဲစိတ်ပြုပြင်ထားတဲ့ စပိန်အလှမယ်လည်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မယ်စကြဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံက အလှမယ် နှင်းသွေးယုအောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ်တွေတော့ ရယူနိုင်ခြင်း မရှိပါဘူး။ မယ်စကြဝဠာပြိုင်ပွဲမှာ ဖိလစ်ပိုင်အလှမယ်တွေက ၄ ကြိမ်မြောက်အဖြစ် အလှမယ်ဆုကို ရယူနိုင်တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် အလှမယ်တွေဟာ မယ်စကြဝဠာဆုကို ၁၉၆၉၊ ၁၉၇၃ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။
2 years Ago
Up