ဖာဒီနန်

June 17, 2019

မန်ယူအသင်းကို အားကစားဒါရိုက်တာအဖြစ် ပြန်လာလိုကြောင်း ဖာဒီနန် ပြော

မန်ယူအသင်ဘက်က ကမ်းလှမ်းမယ်ဆိုရင် အားကစားဒါရိုက်တာအဖြစ် ပြန်လာချင်တယ်လို့ နောက်ခံလူ ဟောင် ဖာဒီနန်က ၀န်ခံပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အားကစားဒါရိုက်တာ ရာထူးခန့်အပ်ဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်း ဖာဒီနန်ကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဖာဒီနန်က ပြောကြားခဲ့တာပါ။ ယူနိုက်တက်အသင်းကို ချစ်မြတ်နိုးနေဆဲဖြစ်ပြီး အသင်းနဲ့ ဆက်ဆံရေး အခြေအနေကိုလည်း လူအားလုံး သိမြင်လိမ့်မယ်လို့ ဖာဒီနန်ကဆိုပါတယ်။ အသင်းမှာ အခန်းကဏ္ဍတခုအနေနဲ့ တာဝန်ယူဖို့ စကားပြောဆိုမှုတွေရှိလာမယ်ဆို ရင်တော့ လုပ်ဆောင်သွားမယ်လို့ ဖာဒီနန်က ဆိုပါတယ်။ ဖာဒီနန်ဟာ လက်ရှိအချိန်မှာ BT Sports ရုပ်သံမှာ သုံးသပ်သူအဖြစ် တာဝန်ယူနေတာဖြစ်ပြီး စတူဒီယိုအခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး အလုပ်လုပ်နေရတာကိုလည်း ပျော်ရွှင်ကျေနပ်နေတယ်လို့ ဆိုပါတယ်။
2 years Ago

April 12, 2019

ချန်ပီယံလိဂ် ဆီမီးအဆင့်ကို အင်္ဂလိပ် ၃ သင်းနှင့် ဂျူဗင်တပ် တက်ရောက်မည်ဟု ဖာဒီနန် ခန့်မှန်း

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို အင်္ဂလိပ်ကလပ် ၃ သင်းနဲ့အတူ ဂျူဗင်တပ်အသင်း တက်ရောက်နိုင်လိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ခန့်မှန်းလိုက်ပါတယ်။ ပထမအကျော့မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိထားတဲ့ လီဗာပူးအသင်းဟာ ပေါ်တိုအသင်းကို ကျော်ဖြတ်ပြီး နောက်တဆင့် တက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့သလို စပါးနဲ့ မန်စီးတီးတို့ တွေ့ဆုံမှုမှာတော့ စပါးကသာ နောက်ဆုံး ၄ သင်းအဆင့်ကို ရောက်ရှိသွားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အေဂျက်နဲ့ ဂျူဗင်တပ်အသင်းမှာတော့ ဂျူဗင်တပ်အသင်းသာ နောက်တဆင့် တက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နောက်ဆုံးရွေးချယ်ခဲ့တဲ့ အသင်းကတော့ မန်ချက်စတာာယူနိုက်တက်အသင်းဖြစ်ပြီး ပထမအကျော့ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ထားပေမယ့် ၁၆ သင်းအဆင့်တုန်းကလို အဝေးကွင်းမှာ အနိုင်ပြန်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
2 years Ago
More News
Up