ဖရေဇာ

June 20, 2020

လက်ကျန်ပွဲများတွင် ဖရေဇာ မပါဟု ဘုန်းမောက်နည်းပြ အတည်ပြု

ဘုန်းမောက် ကစားသမား  ရွိုင်ယန်ဖရေဇာဟာ အသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို ကစားပေးတော့မှာမဟုတ်ဘူးလို့ နည်းပြ အက်ဒီဟောက်က ပြောပါတယ်။  စကော့တလန်ကစားသမား ဖရေဇာဟာ ဇွန်လအကုန် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရာသီကုန်အထိ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့် အခုလအတွင်း ကစားမယ့် ပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားခွင့်ပေးမှာမဟုတ်သလို စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လအကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ နည်းပြ အက်ဒီဟောက်က ပြောပါတယ်။  ဖရေဇာဟာ အသင်းမှာ ခြေစွမ်းတိုးတက်လာသူဖြစ်ပြီး အခုလို အခြေအနေနဲ့ အဆုံးသတ်ဖို့ မထိုက်တန်ကြောင်းနဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း နည်းပြအက်ဒီဟောက်က ပြောပါတယ်။  အသက် ၂၆ နှစ်ရှိ ဖရေဇာဟာ ဘုန်းမောက်မှာ ၇ နှစ်ကြာ ကစားခဲ့ပြီး စုစုပေါင်း ၂၀၈ ပွဲမှာ  ၂၄ ဂိုးသွင်းပြီး ၃၃ ကြိမ်ဂိုးဖန်တီးပေးခဲ့ပါတယ်။  ဖရေဇာကို အဲဗာတန်အသင်းကခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။
11 months Ago

April 6, 2020

ဘုန်းမောက် တောင်ပံကစားသမား ဖရေဇာကို ခေါ်ယူရန် အာဆင်နယ် နီးစပ်

အာဆင်နယ်အသင်းဟာ ဘုန်းမောက် တောင်ပံကစားသမား ရွိုင်ယန်ဖရေဇာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဖရေဇာဟာ အခုနှစ် ဘောလုံးရာသီအကုန် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်လို့ ပြောင်းရွှေ့ကြေးမပေးရဘဲ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။  အသက် ၂၆ နှစ်ရှိ ဖရေဇာဟာ  ပြီးခဲ့တဲ့ရာသီက ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဒုတိယအများဆုံး ဖြစ်ခဲ့တာပါ။  အခုနှစ် ဘောလုံးရာသီမှာတော့ ၄ ကြိမ်ပဲ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။  စကော့တလန် ကစားသမား ဖရေဇာဟာ တောင်ပံတလျှောက် လျင်မြန်မှုနဲ့အတူ ဖြတ်တင်ဘောတွေ ပြုလုပ်နိုင်သူ ဖြစ်လို့ အာဆင်နယ်နည်းပြ အာတီတာက ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ 
1 year Ago
Up