ဖမ်းဆီး

June 19, 2021

ဇနီးဖြစ်သူကို သတ်ဖြတ်မှုဖြင့် ဂရိလေယာဉ်မှူး ဖမ်းဆီးတရားစွဲခံရ

ဂရိနိုင်ငံ အေသင်မြို့မှာ လွန်ခဲ့တဲ့ ၁ လကျော်လောက်က  ဂရိတနိုင်ငံလုံး တုန်လှုပ်ခဲ့ရတဲ့ အမှုမှာ လေယာဉ်မှူးဟာ သူကိုယ်တိုင် လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံလိုက်ခဲ့ပါတယ်။

အခုလိုဝန်ခံလိုက်တာကြောင့်  ဇွန် ၁၈ ရက်မှာ အသက် ၃၃ နှစ်အရွယ် ဂရိလေယာဉ်မှူးကို ဖမ်းဆီးလိုက်ပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုနဲ့ တိရစ္ဆာန်ညှဉ်းဆဲမှုတွေနဲ့ တရားစွဲလိုက်ပါတယ်။ 

မေလ ၁၁ ရက် ညသန်းခေါင်ကျော်အချိန်မှာ အေသင်မြို့က ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ နေအိမ်ကို သူခိုး သုံးယောက် ဖောက်ဝင်လာပြီး သူနဲ့သူ့ဇနီးကို ကြိုးနဲ့ချည်ထားပြီး ၁၁ လသားအရွယ် သူတို့ရဲ့ကလေးရှေ့မှာပဲ သူ့ဇနီးကို လည်ပင်းညှစ်သတ်ပြီး သူတို့မိသားစုရဲ့ ခွေးကိုလည်း သတ်ခဲ့တယ်လို့ လေယာဉ်မှူးဟာ ကနဦးတုန်းက ထွက်ဆိုထားတာပါ။ 

ဒါပေမဲ့ တစ်လကျော်အကြာမှာ သူ့သက်သေခံချက်နဲ့ မကိုက်ညီမှုတွေနဲ့ လူသတ်မှုဖြစ်တဲ့နေရာက ဒစ်ဂျစ်တယ် သက်သေအထောက်အထားတွေကြောင့် သူ့ကို ၆ နာရီကြာ စစ်မေးပြီးနောက်မှာ သူ့အပြစ်ကို ဝန်ခံခဲ့ပါတယ်။ 

ရဲတွေဟာ သူတို့အိမ်မှာ တခြားသူစိမ်းတွေရဲ့သဲလွန်စတွေ မတွေ့ရှိရဘဲ လေယာဉ်မှူးရဲ့ လက်ကောက်ဝတ်ပေါ်က ကြိုးချည်ထားတဲ့အရာဟာ သူပြောတဲ့အချိန်ကာလနဲ့ မကိုက်ညီမှုတွေ ဟာ သူ့ကို သံသယဖြစ်စေတဲ့ သဲလွန်စတွေလို့ ပြောပါတယ်။ 

ဇနီးဖြစ်သူရဲ့စမတ်နာရီနဲ့ လေယာဉ်မှူးရဲ့မိုဘိုင်းဖုန်းက ဒစ်ဂျစ်တယ် အထောက်အထားတွေကို စစ်ဆေးခဲ့ပြီး သူ့လှုပ်ရှားမှုတွေကို ခြေရာခံခဲ့ပါတယ်။ 

ဖုန်းပြောဆိုမှုတွေအရ သူတို့ ၂ ယောက်ကြား စကားများ အငြင်းပွားမှုတွေရှိပြီး ဗြိတိန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ ဇနီးဖြစ်သူက သူ့ကလေးနဲ့ အိမ်ကထွက်သွားဖို့ နေရာရှာနေတာလို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။  

ဧည့်ခန်းထဲက ကင်မရာကနေ မန်မိုရီကတ်ကို  ဖယ်ထုတ်ထားလို့ ရဲတွေ ဘာမှ မတွေ့ခဲ့ရပါဘူး။ အဲ့ဒီလူဟာ သူ့ကလေးနဲ့ အတူနေလို့ရအောင် ဇာတ်လမ်းဆင်လိုက်တာပါလို့ ရဲတွေကို ပြောပါတယ်။ 

ဒီအမှုကြောင့် တိုင်းပြည်ကို တုန်လှုပ်စေခဲ့ပြီး ကျူးကျော်သတ်ဖြတ်သူတွေကို ဖမ်းဆီးနိုင်ဖို့ သဲလွန်စတွေ အထောက်အထားတွေအတွက် ရဲက အမှုစလိုက်ခဲ့ပြီး ယူရိုငွေ ၃ သိန်း ချီးမြှင့်မယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။ 

1 day Ago

June 18, 2021

သရက်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံ ၃၀ ခန့်ကို စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ သရက်မြို့မှာ ဇွန်လ ၁၇ ရက်က ကလေးအထူးကုဆရာဝန် ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေးနဲ့ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးမျိုးဝင်းတို့ရဲ့ နေအိမ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် သရက်မြို့ခံ ပြည်သူ ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ကိုမျိုးသန့်၊ ကိုသီဟ(လက်သမား)၊ အငယ်ကောင် (Morich ယာဉ်လိုင်းစပယ်ယာ)၊ ကိုဝဏ္ဏတို့ သားအဖနှစ်ဦးနဲ့  အမျိုးသမီးတဦးအပါအဝင် ၂၈ ယောက် ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူအများစုက တောင်မင်းတဲရပ်ကွက်ကဖြစ်ပြီး ဒီကနေ့ မနက် ၃ နရီကျော်လောက်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သရက် ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေးရဲ့ အဖေ ဦးထွန်းထွန်းက သူနဲ့မတည့်တဲ့လူတွေကို လိုက်ဖမ်းခိုင်းတာ။ အဲဒီအထဲက တယောက်ကတော့ ဗုံးပေါက်တာကို ရိသဲ့သဲ့ လုပ်ရေးတဲ့ Post ကို ဖေ့စ်ဘွတ်ခ်ပေါ်တင်လို့ ဖမ်းသွားတယ်လို့ ပြောတယ်။ အများစုကတော့ လူလတ်ပိုင်းနဲ့ လူငယ်တွေ တောင်မင်းတဲရပ်ကွက်က များပါတယ်"။

ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦးကိုတော့ စစ်ဆေးပြီး ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းထွက်နေပေမဲ့ သရက်ဒေသခံတွေကတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

2 days Ago
More News
Up