ဖမ်းခဲ့

February 24, 2020

၇ နှစ်အရွယ် မိန်းကလေးအသတ်ခံရမှု သံသယရှိသူများကိ မက္ကဆီကိုရဲ ဖမ်းဆီး

မက္ကဆီကို ရဲတွေဟာ ၇ နှစ်အရွယ် မိန်းကလေးတယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ဖမ်းခဲ့တယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုးနေတဲ့အပေါ် အများပြည်သူက ဒေါသထွက်နေ ချိန်မှာ လူသတ်မှုတွေ ဆက်တိုက် ဖြစ်ခဲ့တာပါ။  ဖှာတီမာစစ်စလီယာဟာ သူ့ကျောင်းရဲ့ အပြင်မှာ ဖေဖော်ဝါရီ ၁၁ ရက်က ပျောက်ဆုံးခဲ့အပြီး မိသားစုတွေက လူမှုဝန်ဆောင်မှုဌာနကို ဖုန်းဆက်အကူအညီ တောင်းခဲ့တာပါ။ ဒါပေမယ့် အဖြေမရခဲ့ဘဲ သူ့အလောင်းကို ပလတ်စတစ် အမှိုက်အိတ်ထဲကနေ သီတင်းပတ်ကုန်ရက်ကမှ ရှာတွေ့ခဲ့ပါတယ်။  လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းထားတဲ့ လူ ၂ ယောက်ဟာ မိသားစုနဲ့ သိကျွမ်းတဲ့ သူတွေလို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသီတင်းပတ် အစောပိုင်းက ဆန္ဒပြသူတွေဟာ ဖှာတီမာရဲ့ အိမ်နဲ့ ကျောင်းရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။  တခြားလူတွေ ကတော့  #JusticeForFatima ဆိုတဲ့ ခေါင်းစဉ်အောက် မှာ တရားမျှတမှုကို တောင်းဆိုဖို့ လူမှုကွန်ရက်ပေါ်မှာ စာတွေ တင်ပြီး လှုံ့ဆော်ခဲ့ကြပါတယ်။  ဆန္ဒပြပွဲတွေ ပေါ်လာတဲ့နောက်ပိုင်းမှာ ကလေးတွေကို လိင်ပိုင်းအလွဲသုံးစား လုပ်မှုနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်မှုအတွက် ထောင်ဒဏ်ကို ပိုပြီး တင်းကြပ်ဖို့ မက္ကဆီကို အောက်လွှတ်တော်က အဆိုပြု ထားပါတယ်။
1 year Ago
Up