ဖက်ဆစ်စစ်ကျွန်အလံ

June 22, 2021

မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ဖက်ဆစ်စစ်ကျွန်အလံ မီးရှို့ဆန္ဒပြ

မန္တလေးမြို့မှာ ဇွန် ၂၂ ရက်က မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေက ဖက်ဆစ်စစ်ကျွန်အလံကို  မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံနဲ့အတူ ကပ်ပါလာတဲ့ စစ်ကျွန်အလံ (ဝါစိမ်းနီအလံ)ကို မီးရှို့ခဲ့တာလို့  မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ သပိတ်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။ 

"ခုအခါ ပြည်သူ့ဆန္ဒအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံ အား ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ တကသတွေကလည်း ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဥပဒေ ဖျက်သိမ်းခြင်းနဲ့အတူ ဒီ သွေးညှီနံ့တွေနဲ့ စွဲကပ်နေတဲ့ ဖက်ဆစ်စစ်ကျွန်အလံအား တပါးတည်း မီးရှို့ ဖျောက်ဖျက်ပစ်လိုက်တာပါ”။ 

ဆန္ဒပြကျောင်းသားတွေဟာ   ဖက်ဆစ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်စတဲ့ ကြွေးကြော်သံတွေနဲ့  စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo - Panda

3 months Ago
Up