ပွင့်ဖြူ

March 29, 2021

ပွင့်ဖြူမြို့နယ် ကုလားကုန်းရွာတွင် ပြည်သူ ၁ ဦး သေနတ်ကျည်ဆန်ထိမှန်ကျဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကုလားကုန်းကျေးရွာမှာ မတ်လ ၂၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်တွေက  သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လည်ပင်းကျည်ဆံထိမှန်ပြီး အမျိုးသားတစ်ဦး  ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“အကြမ်းဖက်အဖွဲ့တွေက  သေနတ်သံသုံးလေးချက်လောက်ဖောက်ပြီးတော့ ကုလားကုန်းကျေးရွာက စက်ရေတွင်တူးနေသူ နှစ်ယောက်အနက် ပစ္စည်းဝင်ယူတဲ့ အသက် ၅၀ ကျော်အရွယ်ကိုသန်းလှိုင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာ” လို့  ရွာခံတဦးကပြောပါတယ်။

သေဆုံးသူရဲ့အလောင်းကို မကွေးဆေးရုံသို့ ယူဆောင်သွားပြီး ၂၈ ရက်နေ့ ညပိုင်းမှသာ အလောင်းကို ပြန်လည်ရရှိတာလို့လည်း ပြောပါတယ်။

သေဆုံးသူ ကိုသန်းလှိုင်ရဲ့ စျာပနကို ဒီကနေ့  မတ်လ ၂၉ ရက်နေ့မှာ ကုလားကုန်းကျေးရွာ သုသာန်မှာကျင်းပခဲ့ပြီး သူ့ရဲ့အလောင်းကို  သင်္ဂြိုဟ်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာက ကိုမြင့်ဦးထမင်းဆိုင်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေရောက်လာပြီး ကိုမြင့်ဦးကို မတွေ့လို့  သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်ပိုင်ပိုင်ကို

ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago

March 28, 2021

ပွင့်ဖြူတွင် ဆန္ဒပြသူ ၁ ဦးကျဆုံး၊ ၆ ဦး ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်ကြီးကျေးရွာမှာ မတ် ၂၇ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၁ ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။

စစ်ဏာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ပစ်ခတ်နှိမ်နင်းတာကြောင့် ကျောင်းကုန်းကြီးကျေးရွာက အသက် ၃၈ နှစ်အရွယ် ကိုမင်းဇော်ထွေး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတွေက စာသောက်ဆိုင်ထဲကိုဝင်ရောက်ပြီး အမျိုးသာ ၆ ယောက်ကို ဖမ်းဆီးခဲတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ အသွင်သဏ္ဌာန်မျိုးစုံနဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် နေ့စဥ် ချီတက်ဆန္ဒပြနေတယ်လို့ သိရပါတယ်။

1 month Ago
More News
Up