ပြောင်းရွှေ့

January 15, 2021

တိုက်စစ်မှူးသန်းပိုင် ရှမ်းယူနိုက်တက်အသင်းကို ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး သန်းပိုင်ဟာ ဇာတိမြေ ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ သီပေါမြို့ ဇာတိဖြစ်သူ သန်းပိုင်ဟာ ပြည်နယ်ကိုယ်စားပြု ရှမ်းယူနိုက်တက်နဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး မိခင်ဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီလို့ ပြောပါတယ်။ “ကျနော်က ရှမ်းပြည်သားပါ၊ ပြည်နယ်အသင်းအတွက် တချိန်မှာ ကိုယ်စားပြု ကစားခွင့်ရမယ်လို့ တွေးခဲ့ဖူးတာ အခုတော့ ပြည့်စုံသွားပါပြီ။ ကျနော့်အမေက ရှမ်းလူမျိုးပါ။ အမေက ကျနော့်ကို ပြည်နယ်အသင်းမှာ အရမ်းကစားစေချင်တာပါ။ အခုတော့ အမေ ပျော်နေပါပြီ။ ကျနော် ကိုယ်တိုင်ကလည်း စိန်ခေါ်မှု အသစ်တွေ လိုချင်တယ်၊ ရှမ်းအသင်းမှာ ကစားရင်း ကျနော့် အနာဂတ်ကို ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ယုံတယ်” လို့ ရှမ်းအသင်းနဲ့ အင်တာဗျူးမှာ သန်းပိုင်က ပြောပါတယ်။ ဆက်လက်ပြီး သန်းပိုင်က “ရှမ်းအသင်း ကစားတဲ့ပွဲတွေကို တောင်ကြီးကွင်း (ပြည်နယ်ကွင်း) မှာ လာအားပေးတဲ့ ပရိသတ်တွေကို ကြည့်ပြီး အမြဲတမ်း သဘောကျခဲ့တယ်။ ကျနော်တို့ တိုင်းရင်းသားတွေဆိုတာ စိတ်က အရမ်းရိုးရှင်းပါတယ်၊ ချစ်ရင် အဲလို အားရပါးရ အားပေးတာ။ အခုဆို ကျနော်လည်း ရှမ်းအသင်းကို ရောက်ပြီ။ ပြည်နယ်ကွင်းမှာ ရှမ်းအသင်း အင်္ကျီဝတ်ပြီး ပရိသတ်တွေနဲ့ အတူတူ ရှိနေမယ့်နေ့ကို မျှော်နေပါတယ်” လို့ ဆိုပါတယ်။ တိုက်စစ်မှူးသန်းပိုင်ဟာ ရန်ကုန်ယူနိုက်တက်နဲ့ ၅ နှစ်အတွင်း ပုံမှန်ပွဲထွက်ခွင့် သိပ်မရခဲ့ဘဲ စုစုပေါင်း ၂၄ ဂိုး သွင်းခဲ့တယ်လို့ သိရပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ မနှစ်ရာသီက အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပေမယ့် ၂၀၂၁ အေအက်ဖ်စီ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွ်နဲ့ ရှုံးထွက်ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
4 months Ago

December 17, 2020

မန်စီးတီးသို့ ပြောင်းရွှေ့ရန် မက်ဆီကို ဇာဘလက်တာ အကြံပြု

မန်စီးတီးအသင်းကို ပြောင်းရွှေ့တာက မက်ဆီအတွက် အကောင်းဆုံးနေရာ ဖြစ်တယ်လို့ အာဂျင်တီးနားနောက်ခံလူဟောင်း ဇာဘလက်တာက ပြောပါတယ်။  မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတွေက မက်ဆီကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင်ဟောင်း ဇဘလက်တာကတော့  မန်စီးတီးကို ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။  မက်ဆီရဲ့ လက်ရှိအခြေအနေအပေါ် ဝမ်းနည်းမိပြီး ဘာစီလိုနာနဲ့  နောက်ဆုံးနှစ်  ရှိလာ လိမ့်မယ်လို့ မထင်ထားခဲ့ဘူးကြောင်းလည်း ဇဘလက်တာက ပြောပါတယ်။  အသင်းပြောင်းရွှေ့ဖြစ်ရင်တော့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့တာက မက်ဆီအတွက် အကောင်းဆုံးနေရာဖြစ်တယ်လို့ ဇဘလက်တာက တိုက်တွန်းခဲ့တာပါ။  မက်ဆီနဲ့ ဇာဘလက်တာတို့ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ ဖူးကြသူတွေ ဖြစ်ပါတယ်။
5 months Ago
More News
Up