ပြောက်ကျားသပိတ်

November 10, 2021

"သွေးစွန်းပညာရေးအားမပေး အဆုံးထိတော်လှန်ပေး"ပြောက်ကျားသပိတ် ရန်ကုန်မှာပြုလုပ်

ရန်ကုန်လူငယ်တွေစုပေါင်းပြီး "သွေးစွန်းပညာရေးအားမပေး အဆုံးထိတော်လှန်ပေး"လို့ အမည်ပေးထားတဲ့ ပြောက်ကျားသပိတ်ကို နိုဝင်ဘာလ ၁၀ရက် ညနေ ၅ နာရီခွဲလောက်က  ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီကပြန်လည်ဖွင့်လှစ်နေတဲ့ ကျောင်းများကို မတက်ကြဖို့တိုက်တွန်းနှိုးဆော်တဲ့ စာတန်းတွေကိုင်ဆောင်ပြီး  "ကျောင်းဝရောက်ရင်ပြောင်းဝရောက်မယ်” လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။ 

3 months Ago

October 15, 2021

ရန်ကုန်ညနေခင်း ပြောက်ကျားသပိတ် (ဓာတ်ပုံ)

“ချုပ်နှောင်ထားသော  ဖိနှိပ်မှုနှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ” ဆိုတဲ့ ပိုစကာကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျား သပိတ်ချီတက်လှုပ်ရှားမှုကို အောက်တိုဘာ ၁၅ ရက် ဒီနေ့ ညနေက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို ကြည့်မြင်တိုင်မြို့နယ် လူငယ်များသပိတ်ကော်မတီက ဦးဆောင်ပြီး ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်လူငယ်သပိတ်ကော်မတီတို့အပါအဝင် တခြားမြို့နယ်အသီးသီးက သပိတ်ကော်မတီတွေနဲ့ ကျောင်းသားလူငယ်တွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo  - MPA 

3 months Ago
More News
Up