ပြိုင်ဘက်

June 7, 2020

နှစ်သင်းခွဲ ခြေစမ်းပွဲတွင် ပေါ့ဘာနှင့် ဖာနန်ဒက်စ်တို့ကို ပြိုင်ဘက်အဖြစ် ဆိုးလ်ရှား အသုံးပြု

မန်ယူနည်းပြ ဆိုးလ်ရှားဟာ နှစ်သင်းခွဲပြီး ယှဉ်ပြိုင်စေတဲ့ ခြေစမ်းပွဲမှာ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတာ ဖြစ်ပြီး လက်ရှိအချိန်မှာ ပြန်ကစားနေပြီ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြသခဲ့ပါတယ်။  ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲကို ပရိသတ်တွေက မြင်တွေ့လိုပေမယ့် ခြေစမ်းပွဲမှာတော့  တသင်းစီမှာထားပြီး ပွဲထွက်စေခဲ့တာပါ။  ဝတ်စုံပြည့်နဲ့ နှစ်သင်းခွဲပြီး ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာကနေ သက်သာလာတဲ့ တိုက်စစ်မှူး မားကပ်ရှ်ရက်ဖို့ဒ်က အနီအသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။  မန်ယူအသင်းက သတင်းထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာ၊ လင်ဂတ်၊ မက်ဂွဲယား၊မာတစ် အစရှိတဲ့ ကစားသမားတွေက အနီအသင်းဘက်က ပါဝင်ခဲ့ပြီး မာတာ၊ မာစီယယ်၊ ဖာနန်ဒက်စ်၊ ဖရက်ဒ်တို့ ပါဝင်တဲ့အသင်းက အဖြူဘက်က ကစားခဲ့တာ ဖြစ်ပါတယ်။
11 months Ago

May 18, 2020

အာဖဂန်သမ္မတ နှင့် ပြိုင်ဘက် အဘ်ဒူလာတို့ အာဏာခွဲဝေ

အာဖဂန်နစ္စတန် သမ္မတ အဲ့ရှ်ရဲ့ဖ်ဂါနီနဲ့ သူ့ပြိုင်ဘက် အဘ်ဒူလာတို့ အာဏာခွဲဝေရေး သဘောတူညီချက်ကို မေလ ၁၇ ရက်က လက်မှတ်ရေးထိုးပါတယ်။  ဒါကြောင့် လချီကြာနေတဲ့ နိုင်ငံရေး သောင်တင်ရေမကျဖြစ်မှု အဆုံးသတ်ပြီး ကာလရှည် စစ်ပွဲအဆုံးသတ်ရေး အားထုတ်မှုတွေ ချောမွေ့စေဖို့ ခြေတလှမ်း လှမ်းနိုင်လိုက်ပါတယ်။  အဘ်ဒူလာက တာလီဘန်သူပုန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ကောင်စီကို ဦးဆောင်မှာဖြစ်ပြီး သူ့အဖွဲ့ဝင်တွေဟာလည်း အစိုးရအဖွဲ့ထဲမှာ ပါလာမယ်လို့ အရာရှိတွေက ပြောပါတယ်။  ဒါပေမယ့် ဘယ်ဝန်ကြီးဌာနတွေကို အဘ်ဒူလာရဲ့အဖွဲ့ဝင်တွေ ထိန်းချုပ်မလဲ ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။  အဘ်ဒူလာဟာ စက်တင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းခဲ့ပြီး ဒီနှစ်အစောပိုင်းမှာ စင်ပြိုင် အစိုးရကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သူပါ။  ၁၉ နှစ်ကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးယူမယ့် လုပ်ငန်း စဉ်ကို အမေရိကန်အစိုးရက ရှေ့တိုးချဉ်းကပ်ဖို့ ကြိုးစားနေချိန်မှာ ဂါနီရဲ့ အုပ်ချုပ်မှုကို လှိုက်စားခဲ့ပါတယ်။ 
12 months Ago
Up