ပြန်လွတ်

September 14, 2021

အဆိုတော်အီတိုးနှင့်အတူ ဖမ်းခံရသူများထဲက ထူးကုမ္ပဏီဝန်ထမ်း ၂ ဦး ပြန်လွတ်

အဆိုတော်အီတိုးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ သူတွေထဲက ထူးကုမ္ပဏီဝန်ထမ်း ၂ ဦး စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတစ်ယောက်က "ဟုတ်ပါတယ်။ အခုလက်ရှိ ထူးကုမ္ပဏီဝန်ထမ်းတစ်ယောက်နဲ့ အရင်ဝန်ထမ်းဟောင်းတစ်ယောက် ဒီနေ့ ပြန်လွတ်လာတာပါ။ ဒီနေ့ပဲ သူတို့ဒေသတွေကို ပြန်သွားပြီလို့ ကြားပါတယ်။ အီတိုးနဲ့ တခြားသူတွေအကြောင်းတော့ ဘာမှ ထပ်ပြီးမကြားရသေးပါဘူး။ ကလေးအကြောင်းလည်း မကြားပါဘူး" လို့ ပြောပါတယ်။

အဆိုတော်အီတိုးကို အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးခဲ့တာပါ။ 

အဆိုတော်အီတိုး နဲ့အတူ ခြံဝန်းအတွင်း နေထိုင်နေကြတဲ့ ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၁၀ ယောက်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၉ မိုင်မှာရှိတဲ့ ဦးတေဇပိုင်ခြံဝန်းအတွင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

1 week Ago

August 29, 2021

အမေရိကန်သမ္မတလောင်း ရောဘတ်ကနေဒီကို လုပ်ကြံခဲ့သူ ပြန်လွတ်

အမေရိကန်သမ္မတလောင်း ကိုယ်စားလှယ် ရောဘတ်ကနေဒီကို ၁၉၆၈ ခုနှစ်မှာ လုပ်ကြံမှုနဲ့ တရားစွဲခံရတဲ့ ပါလက်စတိုင်းဒုက္ခသည် ဆာဟန်း ဆာဟန်းနီကို ကာလီဖိုးနီးယားပြည်နယ် လွတ်ငြိမ်းခွင့်ဘုတ်အဖွဲ့က သြဂုတ် ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြည်နယ်ထောင် အရာရှိတွေက ပြောပါတယ်။

အသက် ၇၇ နှစ်အရွယ် ဆာဟန်ကို ထောင်ကနေ အပြီးလွှတ်ပေးလိုက်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ရက် ၁၂၀ အချိန်ရှိပြီး လွတ်ငြိမ်းခွင့်ဘုတ်အဖွဲ့ရဲ့ တရားရေးတာဝန်ရှိသူတွေအပေါ် မူတည်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

၁၉၆၈ ခုနှစ်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က အမ်ဘက်စဒါဟိုတယ်မှာ အသက် ၄၂ နှစ်အရွယ် ကနေဒီဟာ ပစ်ခတ် သတ်ဖြတ်ခံရလို့ ပါလက်စတိုင်းဖွား ဆာဟန်းဟာ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို ကျခံခဲ့ရတာပါ။

ကနေဒီဟာ ကာလီဖိုးနီးယားပြည်နယ်မှာ မဲနိုင်ပြီးနောက် အောင်ပွဲခံ မိန့်ခွန်းပြောအပြီး မိနစ်ပိုင်းအတွင်း သေနတ်နဲ့ ပစ်တာခံခဲ့ရပြီး နောက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ဆာဟန်းကတော့ ကနေဒီက အစ္စရေးကို ထောက်ပံ့နေလို့ ရန်ငြိုးကြောင့် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဆာဟန်းကို ပြန်လွှတ်ပေးတာ ထောက်ခံတဲ့အနေနဲ့ ကနေဒီ မိသားစုဝင် ၂ ယောက်က လွတ်ငြိမ်းခွင့် ဘုတ်အဖွဲ့ဆီ စာတွေ ပို့ခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်တိုင်းမ်စ်သတင်းမှာ ဖော်ပြပါတယ်။

ဆာဟန်းဟာ ထောင်ထဲမှာ စည်းကမ်းချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ စွပ်စွဲမခံခဲ့ရဘူး၊ ဘေးအန္တရာယ် နည်းတဲ့လူအဖြစ် ထောင်အရာရှိတွေက သူ့ကို မှတ်ယူထားတယ်လို့ ဆာဟန်းရဲ့ ရှေ့နေက ပြောပါတယ်။

စန်ဒီယေဂိုမြို့မှာ အကျဉ်းကျနေတဲ့ ဆာဟန်းဟာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ငြင်းပယ်ခံရတာ ၁၅ ကြိမ် ရှိပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

4 weeks Ago
More News
Up