ပြန်ပေးဆွဲခံ

March 15, 2020

ပြန်ပေးဆွဲခံရသည့် ကနေဒါနှင့်အီတလီနိုင်ငံသား ၂ ဦး ပြန်လွတ်

ဘာကီနာဖာဆိုနိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၁၅ လက ခရီးသွားနေတုန်း ပြန်ပေးဆွဲခံထားရတဲ့ ကနေဒါနိုင်ငံသား အမျိုးသမီး တယောက်နဲ့ အီတလီနိုင်ငံသား အမျိုးသား တယောက်တို့ဟာ ကျန်းမာရေး ကောင်းကောင်းမွန်မွန် နဲ့ ပြန်လွတ်လာပြီလို့ အိမ်နီးချင်း မာလီနိုင်ငံ သမ္မတက မတ် ၁၄ ရက်မှာ ပြောပါတယ။ သူတို့ ၂ ယောက်ဟာ ၂၀၁၈ ဒီဇင်ဘာမှာ ပျောက်သွားခဲ့ပြီး ငြိမ်းချမ်းရေးတပ်က မာလီနိုင်ငံ မြောက်ပိုင်း ကီဒယ်လ်မြို့နားမှာ မတ် ၁၃ ရက်နေ့က ပြန်တွေ့ခဲ့တာလို့ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။  အသက် ၃၀ ကျော် အရွယ်ရှိတဲ့ အိဒစ်သ် ဘလဲနဲ့ လူကာ တက်ခတ်တိုတို့ဟာ စနေနေ့က မြို့တော် ဘာမာကိုကို လေယာဉ်နဲ့ ရောက်လာပြီး မာလီသမ္မတ အီဘရာဟင်မ် ဘောင်ဘာကာ ကေးတာနဲ့ သမ္မတ နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။  အယ်လ်ကိုင်းဒါး၊ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ချိတ်ဆက်ထားတဲ့ ဘာသာရေး စစ်ဝါဒီ အုပ်စုတွေဟာ ဒေသတွင်းမှာ လှုပ်ရှားနေပြီး အရင်တည်းက အနောက်ဥရောပသားတွေကို ပြန်ပေးဆွဲခဲ့ဖူးပါတယ်။  အခု ၂ ယောက်ကို ဘယ်အုပ်စုက ပြန်ပေးဆွဲတာလဲ၊ ပြန်ရွေးငွေ ပေးရသေးလား ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လတ်တလော နှစ်တွေအတွင်း အာဖရိကတိုက်ရဲ့ ဆာဟဲလ် ဒေသထဲမှာ လုံခြုံရေး အခြေအနေ ယိုယွင်းလာနေတာပါ။ မနှစ်က ရာနဲ့ချီတဲ့ အရပ်သားတွေဟာ ဘာသာရေး စစ်ဝါဒီတွေ၊ တိုင်းရင်းသား ပြည်သူ့စစ်တွေ လက်ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ 
1 year Ago
Up