ပြန်တုံ့ပြန်

July 4, 2020

မန်စီးတီးပွဲမှ အမှားများ ဗီလာပွဲတွင် ပြန်တုံ့ပြန်ရန် ကလော့ပ်တိုက်တွန်း

မန်စီးတီးနဲ့ပွဲက အမှားတွေအတွက် အက်စ်တွန်ဗီလာနဲ့ပွဲမှာ ပြန်လည်တုံ့ပြန်ကြဖို့ ကစားသမားတွေကို လီဗာပူးနည်းပြကလော့ပ်က တိုက်တွန်းလိုက်ပါတယ်။ ချန်ပီယံလီဗာပူးအသင်းဟာ ပွဲစဉ် ၃၂ မှာ မန်စီးတီးကို  ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ တနင်္ဂနွေနေ့မှာ ကစားရမယ့် အက်စ်တွန်ဗီလာနဲ့ ပွဲမှာတော့ မန်စီးတီးနဲ့ပွဲက အမှားတွေ အတွက် ပြန်လည်တုံ့ပြန်ဖို့ ကစားသမားတွေကို တိုက်တွန်းလိုက်တာပါ။ ချန်ပီယံဖြစ်ခဲ့ပြီးဖြစ်ပေမဲ့ နိုင်ပွဲတွေရယူဖို့ ဆာလောင်ပြင်းပြနေဆဲဖြစ်ပြီး  အာရုံစူးစိုက်မှုအပြည်နဲ့ ကစားရမယ်လို့လည်း နည်းပြကလော့ပ်ကပြောပါတယ်။ အက်စ်တွန်ဗီလာအသင်းကို လေးစားမှုနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေလည်းရှိတယ်လို့  နည်းပြကလော့ပ်က ဗီလာအသင်းကို ချီးကျူးခဲ့ပါတယ်။  ဗီလာအသင်းဟာ လက်ကျန် ၆ ပွဲအလိုမှာ တန်းဆင်းဇုန်က အဆင့် ၁၈ မှာရပ်တည်နေပြီး နိုင်ပွဲရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 
12 months Ago
Up