ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်

July 25, 2021

သထုံမြို့နယ်က ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာက ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဦး ဇူလိုင် ၂၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး နေအိမ်အတွင်း ဝင်ရောက် ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် ဦးမြင့်ရွှေဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် လည်ပင်း၊ နောက်စေ့နဲ့ ကျောဘက် ဖောက်ထွက် ဒဏ်ရာရတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ပြည်သူ့စစ်အဖွဲ့ခေါင်ဆောင်း ဦးမြင့်ရွှေဟာ ပြီးခဲ့တဲ့ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်ထိ မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဦးမြင့်ရွှေ သေဆုံးပြီးနောက် သထုံမြို့ပေါ် နေရာအချို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သထုံမြို့နယ်မှာ ဇူလိုင် ၂၃ ရက်နေ့ကလည်း ဒူးရင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

3 months Ago
Up