ပြည်သူ့ကာကွယ်ရေးတပ်

July 26, 2021

မကွီအိမ်နူးရှေ့တန်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပူးပေါင်း

ချင်းပြည်နယ် မင်းတပ်မြို့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ မကွီအိမ်နူး ရှေ့တန်း စခန်းတစ်ခုက စခန်းတာဝန်ရှိသူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ဟာ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ 

အဲဒီစခန်းက တပ်ဖွဲ့ဝင်တစ်ချို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတွေလည်း ရှိနေသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီစခန်းကို သိမ်းပိုက်ဖို့အတွက် ဇူလိုင်လ ၂၄ ရက်နေ့က သွားခဲ့တာဖြစ်ပါတယ်။ 

စခန်းတာဝန်ရှိသူကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်မချရင် တိုက်ခိုက်ရလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အချိန်မှာ စခန်းတာဝန်ရှိသူက တိုက်ခိုက်မှုမလုပ်ခဲ့ဘဲ လက်နက်ချပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ 

မကွီအိမ်နူးရဲစခန်းဟာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဖြစ်တဲ့ စစ်သားနဲ့ရဲနဲ့ ပူးပေါင်းထားတဲ့ စခန်းဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ ခင်မင်ရင်းနှီးမှုရှိပြီး အာဏာသိမ်းပြီး အခုကာလအထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။

3 days Ago

July 14, 2021

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

မင်ကင်းမြို့နယ် ယာကျေးရွာနဲ့ တောင်ဖြူကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း ပြည်သူ့ကာကွယ်ရေတပ်တို့ ဇူလိုင် ၁၃ ရက်နေ့ ည ၉ နာရီခွဲကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက  “မ‌နေ့ည ၉ နာရီခွဲကျော်လောက်က ယာနဲ့တောင်ဖြူရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်းကို ပစ်တယ်။ အဓိကတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေက ကျနော်တို့ မင်းကင်းမြို့ အောက်ဘက်က ကျေးရွာတိုင်လိုလိုကို နေတိုင်း  ၀င်ရောက်ဖျက်ဆီးတာကြောင့် PDF တွေနဲ့ အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာ” လို့ ပြောပါတယ်။

ပန်ဆက်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ဆိုင်ကယ်အစီး ၃၀ ကျော်နဲ တိုက်ပွဲဖြစ်ပွားရာနေရာကို တပ်ကူလာရောက်ကာ RPG တွေနဲ့ ကျေးရွာအတွင်း ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ နယ်မြေခံ PDF တပ်ဘက်က အကျဆုံးမရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ တစ်ဦးကျဆုံးတယ်လို့ သိရပါတယ်။ 

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

2 weeks Ago
More News
Up