ပြည်ပပြန် ၅ ဦး

September 27, 2020

စင်ကာပူတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၂၀ တွေ့ရှိ၊ ပြည်ပပြန် ၅ ဦးပါဝင်

စင်ကာပူနိုင်ငံမှာ  စက်တင်ဘာ ၂၆ ရက်က အစုအဖွဲ့တခုအတွင်း ကူးစက်သူ တဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ်  အယောက် ၂၀ တွေ့ရှိခဲ့ပါတယ်။  ပြည်ပကနေ ကူးစက်လာသူ ၅ ယောက်ရှိပြီး သူတို့အားလုံးကို စင်ကာပူရောက်ချိန်မှာ stay-home  အစီအစဉ်နဲ့ထားတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်ချက် သတင်းမှာ ဖော်ပြပါတယ်။   ဒီလို ကူးစက်သူအသစ် တိုးလာတာကြောင့် အခုဆိုရင် စင်ကာပူမှာ စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇,၆၈၅ ယောက်ရှိပြီး သေဆုံးသူ ၂၇  ယောက်ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။   စင်ကာပူမှာ ကိုဗစ်-၁၉ ကူးစက်သူအများစုဟာ အဆောင်နေ နိုင်ငံခြားသား အလုပ်သမား တွေ ဖြစ်ကြတယ်လို့ CNA သတင်းအရ သိရပါတယ်။ 
9 months Ago
Up