ပြည်ပကပြန်လာသူများ

June 9, 2020

ဧရာဝတီတိုင်းတွင် ပြည်ပကပြန်လာသူများ၏ မဲစာရင်း ပြုစုနေ  

နိုင်ငံခြားကနေ  ဧရာဝတီတိုင်းကို ပြန်လာသူတွေရဲ့ မဲစာရင်းကိုပြုစုဖို့ တိုင်းရွေးကောက်ပွဲ ကော်မရှင်က  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “ရပ်ကွက်ကော်မရှင်တွေက Quarantine ဝင်တဲ့သူတွေပေါ့၊ အဲဒီစာရင်းကိုတောင်းတယ်။ ဟိုကပေးပါတယ်။ လိုအပ်ချက်တော့ရှိတယ်၊ စာရင်းရရင် ဘယ်ရပ်ကွက်ကလဲ ဆိုပြီး စာရင်းပြန်ထည့်တာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံခြားကနေ တရားဝင်အသိပေးပြီး ပြန်ဝင်လာသူ စာရင်းက ရှိပြီးသားဖြစ်ပြီး အသိမပေးပဲ ပြန်ဝင်လာသူတွေလည်း ရှိနိုင်တဲ့အတွက်  ပြန်လာသူ မဲစာရင်းကို စစ်ဆေးပြီး ပြန်လည် ဖြည့်နေကြောင်း သိရပါတယ်။ “ကော်မရှင်စာရင်းအရပြောရင် က(၁)လို့ခေါ်တယ် စာရင်းရှိတဲ့ လူမရှိဘူး။ နိုင်ငံခြားမှာ သွားလုပ်စားနေတယ်။ သူစာရင်းက ဒီမှာကျန်ခဲ့တယ်။ အဲဒါကို ကျနော်တို့က (၁)စာရင်းနဲ့ တိုက်ကြည့်မယ် မှန်တယ်ဆိုရင် (က)စာရင်း ပုံစံ-၁ မဲစာရင်းထဲကိုပြောင်းမှာပေါ့ မခက်ဘူး”  ဦးအောင်မြင့်က ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးသို့ ထိုင်း၊ မလေးရှာ၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေကနေ ပြန်လာသူ ၁၀၀၀ ကျော်ရှိကြောင်းသိရှိရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို  နိုဝင်ဘာမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပြီး ဧရာဝတီတိုင်းဒေသကြီးမှာ မဲပေးခွင့်ရှိသူ  ခန့်မှန်း  ၄ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ သတင်း- စည်သူမောင်မောင် 
11 months Ago

May 2, 2020

ပြည်ပကပြန်လာသူများကို ဝက်လက်မြို့ပေါ် Quarantine Center ၌သာ ထားရှိမည်

မေလဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ပြည်ပကနေ ပြန်လာသူတွေကို သူတို့နေထိုင်ရာ ကျေးရွာတွေက Quarantine Centerတွေမှာ မထားတော့ဘဲ မြို့ပေါ်က Quarantine Center တွေမှာ အထူးကြပ်မတ်စောင့်ကြည့်သွားမယ်လို့ ဝက်လက်မြို့နယ် COVID-19အ ရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က ပြောပါတယ်။  အဲဒီလို ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေကို ဝက်လက်မြို့ အမှတ် ၁ ရပ်ကွက်က အထက်တန်းကျောင်းမှာ ထားရှိပြီး လက်ရှိမှာတော့ တရုတ်နိုင်ငံကနေ ပြန်လာသူ ၁၁ ဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။   ကျေးရွာတွေမှာ Quarantine Center တွေ ထားရှိခဲ့ပေမဲ့ ညွှန်ကြားချက်တွေကို နားမလည်တာ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ စေတနာ မပါတာတွေကြောင့် Quarantine ဝင်နေသူတွေကို ဂရုစိုက်စောင့်ကြည့်မှု အားနည်းတာတွေရှိတာကြောင့် အခုလို စီစဉ်ရတာလို့  ဦးစိုးလှိုင်မောင်က ပြောပါတယ်။   ဝက်လက်မြို့နယ်အတွင်းက ပြည်ပမှာသွားရောက်ပြီး အလုပ်လုပ်ကိုင်သူဦးရေ ၁၈၀၀ ကျော်ရှိပြီး ပြန်လည်ရောက်ရှိသူ ၂၅၀ ကျော်ကို Quarantine Center ၆၄ ခုမှာ facility Quarantine ပြုလုပ်ကာ စောင့်ကြည့်ခဲ့တာလည်းဖြစ်ပါတယ်။  အောင်စံလင်း
1 year Ago
Up