ပြင်သစ်လိဂ်

June 10, 2020

ပြင်သစ်လိဂ် ပြန်လည်စတင်ရန် အဆိုတင်သွင်းမှု အမြင့်ဆုံးတရားရုံး ပယ်ချ

ပြင်သစ်ကလပ် သုံးသင်းဟာ လီဂူးဝမ်းပြိုင်ပွဲ ပြန်လည်စတင်ဖို့ အဆိုတင်သွင်းခဲ့ရာမှာ တရားရုံးက ပလပ်လိုက်ပါတယ်။  ဥရောပဝင်ခွင့်လွဲချော်ခဲ့တဲ့ လီယွန်အသင်းနဲ့အတူ တန်းဆင်းဖို့ သတ်မှတ်ခံထားရတဲ့ အေမီယန်နဲ့ တူးလော့စ်အသင်း ၃ သင်းက လိဂ်ပြိုင်ပွဲပြန်လည်ကစားဖို့ အဆိုတင်သွင်းခဲ့ကြတာပါ။ ပြင်သစ်အမြင့်ဆုံးတရားရုံးကနေ အဲဒီအဆိုကို ပလပ်ခဲ့ပေမယ့် တန်းဆင်းဖို့ သတ်မှတ်ခံထားရတဲ့ ၂ သင်းကတော့ လီဂူးဝမ်းမှာပဲ ဆက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။  ဒုတိယတန်းကနေ တန်းတက်လာတဲ့  ၂ သင်းလည်း ရှိနေတာကြောင့် လာမယ့်ရာသီမှာ ၂၂ သင်းနဲ့ ကျင်းပရဖို့ရှိနေပါတယ်။  လာမယ့် စက်တင်ဘာလအထိ မည်သည့်အားကစားပွဲမဆို ကျင်းပခွင့်မပြုကြောင်း ပြင်သစ်အစိုးရက ကြေညာခဲ့တာကြောင့် ပြင်သစ်လိဂ်ပြိုင်ပွဲကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။  ဒါပေမဲ့ လိဂ်ဖလားဗိုလ်လုပွဲကိုတော့  လာမယ့် ဇူလိုင် ဒါမှမဟုတ် သြဂုတ်လအတွင်းမှာ ကျင်းပခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ 
11 months Ago

May 2, 2020

ပြင်သစ်လိဂ်ချန်ပီယံဆုဖလား ကျန်းမာရေးဝန်ထမ်းများအတွက်ဟု ဆေးလ်ဗားပြော

ပြင်သစ်လိဂ်ချန်ပီယံဆုဖလားဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ သူတွေအတွက် ရည်ညွှန်းတယ်လို့ ပီအက်စ်ဂျီအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက ပြောပါတယ်။  ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပြိုင်ပွဲတွေကို ဖျက်သိမ်းခဲ့ပြီး အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ခဲ့တာပါ။  ၈ နှစ်အတွင်းမှာ ၇ ကြိမ်အထိ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပေမဲ့ လိဂ်ချန်ပီယံဆုဖလားက ခမ်းနားတဲ့ အောင်မြင်မှုဖြစ်ပြီး ဘုရားသခင်နဲ့ အသင်းဖော်တွေ၊ မိ သားစုဝင်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ဆေးလ်ဗားက ပြောပါတယ်။  ဒါ့အပြင် အဲဒီချန်ပီယံဆုဖလားဟာ ကမ္ဘာတလွှားက ကိုရိုနာဗိုင်းရပ်စ်ကာကွယ် တားဆီးရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ဆရာဝန်တွေနဲ့ ကျန်းမားရေဝန်ထမ်းတွေအတွက် ရည်ညွှန်းတယ်လို့လည်း ဆေးဗားလ်က ပြောပါတယ်။  ဗိုင်းရပ်စ်အန္တရာယ်ရှိနေချိန်မှာ လိဂ်ပြိုင်ပွဲဖျက်သိမ်းလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း နောက်ခံလူ ဆေးဗားလ်က ပြောကြားခဲ့ပါတယ်။
1 year Ago

ပြင်သစ်လိဂ်ဖျက်သိမ်းမှု လိုင်ယွန်အသင်း တရားစွဲဆိုရန် ပြင်ဆင်

ပြင်သစ်လိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ တရားစွဲဆိုသွားဖို့ လိုင်ယွန်အသင်းက ပြင်ဆင်နေပါတယ်။  ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် စက်တင်ဘာလအထိ မည်သည့်အားကစားပြိုင်ပွဲကိုမှ ကျင်းပခွင့်မပြုကြောင်း  ကြေညာခဲ့တာကြောင့် ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲကိုလည်း ဖျက်သိမ်းခဲ့ရတာပါ။  ချန်ပီယံအသင်းအဖြစ် ပီအက်စ်ဂျီအသင်းကို ပေးအပ်ခဲ့မူမှာ တစုံတရာ ပြဿနာမရှိပေမယ့်လည်း ဥရောပဝင်ခွင့်နဲ့ တန်းဆင်း၊ တန်းတက်စနစ်တွေမှာတော့ နစ်နာတဲ့ အသင်းတွေရှိနေတာပါ။ လိုင်ယွန်အသင်းဟာ ပွဲစဉ် ၂၈ ပွဲအပြီးမှာ ရမှတ် ၄၀ ရရှိထားပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့် ၄ က လိုင်လီအသင်းနဲ့ ၉ မှတ် ကွာဟနေပြီး ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိမယ့် ရင်းနက်စ်အသင်းနဲ့ ၁၀ မှတ်ကွာဟ နေတာဖြစ်ပါတယ်။  ဒါပေမယ့်လည်း လက်ကျန် ၁၀ ပွဲအလိုမှာ လိဂ်ပြိုင်ပွဲဖျက်သိမ်းလိုက်တာကြောင့် နစ်နစ်မူတွေ ရှိခဲ့တာပါ။  လိုင်ယွန်အသင်းဥက္ကဋ္ဌ  မိုက်ကယ်အောလက်စ်ကတော့ လိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်မယ့်အစား တခြား နည်းလမ်းတခု အသုံးပြုသင့်တယ်လို့ ပြောပါတယ်။  ထိပ်ဆုံးက အသင်းတွေကို ပလေးအော့ဖ် ကစားပြီး ဆုံးဖြတ်သင့်သလို တန်းဆင်းတန်းတက် ခွင့်အတွက်လည်း အောက်ဆုံးကအသင်းတွေ ပလေးအော့ဖ်ကစားသင့်ကြောင်း၊ ပြိုင်ပွဲဖျက်သိမ်းလိုက်ဖို့အထိ မလိုအပ်ကြောင်း လိုင်ယွန်ဥက္ကဋ္ဌက ဖေဝန်ခဲ့ပါတယ်။
1 year Ago
Up