ပျူစောထီးသင်တန်းဆင်း လင်မယား

September 17, 2021

တန့်ဆည်တွင် ပျူစောထီးသင်တန်းဆင်း လင်မယား သေနတ်ဖြင့်ပစ်ခံရ၊ အမျိုးသား သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ငှက်ပျောတောရွာအနီးက မူးဘောင်ပေါ်မှာ စက်တင်ဘာ ၁၇ ရက် မနက် ၇ နာရီလောက်က ပျူစောထီးသင်တန်းဆင်း လင်မယားနှစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူက ပျူစောထီးသင်တန်းဆင်းဖြစ်တယ်၊ ကပေါင်းကျမှာ စစ်တပ်နဲ့ပေါင်းပြီး အကြမ်းဖက်မှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့တာလို့ သိရတယ်။ အဲဒါကြောင့် ရှင်းလိုက်တာ” လို့ ပြောပါတယ်။

အသတ်ခံရသူတွေဟာ တန့်ဆည်မြို့ပေါ်နေထိုင်သူ အသက် ၄၀ အရွယ် ဝင်းဆန်းဦးနဲ့ သူ့ဇနီးတို့ဖြစ်ပြီး ဝင်းဆန်းဦးကတော့ သေနတ်နဲ့ဦးခေါင်းတစ်ချက် ကျောတစ်ချက် ပစ်ခံရတာကြောင့် နေရာမှာတင်သေဆုံးသွားခဲ့ကာ သူ့ဇနီးဖြစ်သူကတော့ အပြင်းအထန်ဒဏ်ရာတွေနဲ့ ဆေးရုံပိုထားရတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်အတွင်းမှာ ဒလန်နဲ့ပျူစောထီး ၂၆ ယောက်အထိ ရှင်းလင်းသုတ်သင်ပြီးပြီလို့ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။

2 months Ago
Up