ပဲရစ်မြို့

June 17, 2020

ပဲရစ်မြို့တွင် ဆန္ဒပြကျန်းမာရေးဝန်ထမ်းများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် လူစုခွဲ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇွန် ၁၆ ရက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို  အကြမ်းဖက်အုပ်စုတွေက ဝင်စီးပြီး ရဲတပ်ဖွဲ့ကို  တိုက်ခိုက်တယ်လို့  ပဲရစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ခဏအကြာမှာတော့ အဓိကရုဏ်းရဲတွေ စုဝေးပြီး ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဓာတ်ငွေ့သုံး  လူစုခွဲခဲ့ပါတယ်။ ရဲတပ်ဖွဲ့ တွစ်တာလူမှုကွန်ရက်မှာ တင်တဲ့ ဗွီဒီယိုထဲမှာ ဆန္ဒပြသူအများအပြားက ပက်လက်လန်နေတဲ့ ကားတစ်စီးကို လမ်းလယ်ကောင် တွန်းပို့နေတာကို တွေ့ရပါတယ်။ ပြင်သစ်နိုင်ငံမှာ အလုပ်ခွင်အခြေအနေ ဆိုးရွားတာ၊ လစာနည်းပါးတာနဲ့ လုပ်ငန်းခွင်မှာ   တကိုယ်ရေ လိုအပ်ပစ္စည်းတွေ မရှိတာကို ကျန်းမာရေးဝန်ထမ်းတွေက ဆန့်ကျင်တောင်းဆို ဆန္ဒပြနေတာပါ။ အလုပ်သမားသမဂ္ဂ ကျောထောက်နောက်ခံနဲ့ လုပ်နေတဲ့ ဆန္ဒပြပွဲတွေဟာ လချီ ကြာမြင့်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆန္ဒပြပွဲတွေကို ခေတ္တရပ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago

April 28, 2020

ပဲရစ်မြို့တွင် ပြင်သစ် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ကားဖြင့် တမင်ဝင်တိုက်မှုဖြစ်ပွား 

ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်ရဲ့ ဆင်ခြေဖုံးမှာ ဧပြီ ၂၇ ရက်က မော်တော်ဆိုင်ကယ်စီး ရဲနှစ်ယောက်ကို ကားတစ်စီးက တမင်ဝင်တိုက်တာကြောင့် ရဲတယောက် ဒဏ်ရာပြင်းထန်ပြီး သတိမေ့မြောသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲနှစ်ယောက်ဟာ  မော်တော်ဆိုင်ကယ်ကို ရပ်ပြီး ပုံမှန်စစ်ဆေးမှုတွေလုပ်နေချိန်မှာ အနက်ရောင် BMW ကားတစီးက ဝင်တိုက်ခဲ့တာပါ။ ဒီလို တိုက်မိတာကြောင့် နောက်ရဲတယောက်ကိုလည်း ဆေးရုံပို့လိုက်ရပါတယ်။  တမင်တကာ ကားနဲ့တိုက်တာလို့ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပြီး အခင်းဖြစ်တဲ့နေရာမှာ  အသက် ၃၀ အရွယ်  ကားသမားကို ဖမ်းဆီးလိုက်ပါတယ်။  ကားသမားဟာ ပြီးခဲ့တဲ့သီတင်းပတ်က မငြိမ်သက်မှုဖြစ်ခဲ့တဲ့ အလုပ်သမားလူတန်းစားရပ်ကွက်မှာ နေထိုင်ခဲ့သူဖြစ်တယ်လို့ ရဲက ပြောပါတယ်။   ကားမောင်းသမားဟာ ပါလက်စတိုင်းဒေသက ဖြစ်ရပ်တွေကို လက်စားချေဖို့  ရဲတပ်ဖွဲ့ဝင်တွေကိုပစ်မှတ်ထားခဲ့တယ်လို့လည်း စုံစမ်းရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။ စုံစမ်းရေးကို အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဘက်ကို လွှဲပေးမလားဆိုတာ ဆုံးဖြတ်ဖို့  စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေနဲ့ ရှာဖွေရေးတွေ လုပ်နေတယ်လို့လည်း ရိုက်တာမှာ ဖော်ပြပါတယ်။
1 year Ago
More News
Up