ပေးပို့

April 19, 2021

အလှူရှင်များထံ ကချင်စစ်‌ရှောင်ကလေးများ ကျေးဇူးတင်စကား ပေးပို့

ကချင်ပြည်နယ်က စစ်ရှောင်ကလေးငယ်တွေက သူတို့ဆီ လာလှူပေးတဲ့သူတွေအတွက် ကျေဇူးတင်စကားလေးတွေကို စစ်ရှောင်စခန်းတစ်ခုကနေ ရေးသားခဲ့ပြီး သတင်းစကားပါးခဲ့ကြပါတယ်။

စစ်ရှောင်ကလေးငယ်တဦးက “အဝတ်အစားတွေရလို့ ဝမ်းသာတယ်၊ သမီးတို့ သားတို့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ တော်ပေါ် မြေပြန့်မခွဲခြားဘဲ စည်းလုံးမယ်နော်၊ ကချင်ပြည်နယ်ကို လာလည်နော်၊ အခုလောလောဆယ်တော့ သေနတ်သံနည်းနည်းကြားရတယ်” လို့ ကချင်မြေမှ သူငယ်ချင်းအမည်နဲ့ ရေးသားထားပါတယ်။

စစ်ရှောင်ကလေးငယ် နောက်တဦးကလည်း “အားလုံးကို ချစ်တယ်၊ ပြန်တွေ့ရအောင်၊ သမီးတို့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်- ကချင်မြေမှ” လို့ ရေးသားထားပါတယ်။

လက်ရှိအချိန်ထိ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့  တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြန်လည် အခြေချနေထိုင်ကတဲ့ ရွာငယ်တွေကလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်ဦးရေ တဖြည်းဖြည်းများလာနေကာ အကူအညီများစွာလိုအပ်နေတယ်လို့လည်း IDP အရေး ဆောင်ရွက်နေသူတချို့က ပြောပါတယ်။

2 months Ago
Up