ပေါ့ဘာ

January 21, 2021

ဘယ်ခြေကန်ချက်ဖြင့် လှလှပပဂိုးသွင်းယူနိုင်ခဲ့သည့်အပေါ် ပေါ့ဘာ မှတ်ချက်ပြု

အားမသန်တဲ့ ဘယ်ခြေကန်ချက်ကြောင့် လှပတဲ့ ဂိုးဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ကြောင်း မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။  ပေါ့ဘာဟာ ဖူဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့အပြင်းကန်သွင်းယူခဲ့တာပါ။ ညာသန်ဖြစ်တာကြောင့် အားနည်းတဲ့ဘယ်ခြေကန်ချက်က အခုလောက်ကောင်းမွန်တဲ့ ဂိုးဖြစ်သွား လိမ့်မယ်လို့ မထင်ခဲ့ကြောင်း ပွဲအပြီးမှာ ပေါ့ဘာကပြောခဲ့တာပါ။ “ကျနော် ဘောလုံးကို ကောင်းကောင်းကန်နိုင်ခဲ့တယ်။ ဘယ်ခြေက ဒီလောက် ပြင်းလိမ့်မယ်လို့တောင် မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ဒီလိုသာ ကန်ဖို့ မကြိုးစားဘူးဆိုရင် ဒီလို လှပတဲ့ ဂိုးလည်းရမှာ မဟုတ်ပါဘူး။ ဒီဂိုးက လှပတဲ့ ဂိုးဖြစ်ခဲ့သလို နိုင်ပွဲကလည်း အလွန်ကောင်းခဲ့ ပါတယ်” လို့ ပေါ့ဘာက BT Sportရုပ်သံကို ပြောခဲ့တာပါ။  ပေါ့ဘာဟာ ဘန်လေနဲ့ပွဲမှာလည်း အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး အဲဒီပွဲက သွင်းဂိုးထက် ဘယ်ခြေနဲ့ သွင်းခဲ့တဲ့ ဖူဟမ်နဲ့ပွဲက ဂိုးကို ပိုကြိုက်ကြောင်း ပေါ့ဘာကပြောသွားခဲ့ပါတယ်။  မန်ယူအသင်းဟာ ပေါ့ဘာရဲ့ ဂိုးနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။  
4 months Ago

ပေါ့ဘာ၏ခြေစွမ်းကို  မန်ယူနောက်ခံလူဟောင်းဖာဒီနန် ချီးကျူး

ပေါ့ဘာဟာ ပုံမှန်ခြေစွမ်းသာရှိမယ်ဆိုရင် အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။  ပေါ့ဘာဟာ ဖူဟမ်ကို ၂ဂိုး ၁ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို ဧရိယာထိပ်က လှမ်းကန်သွင်းပြီး ရယူပေးခဲ့တာပါ။  BT Sport ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ နောက်ခံလူဟောင်းဖာဒီနန်ကတော့  ပေါ့ဘာရဲ့ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။ ”ဒီနေ့ပွဲမှာ ပေါ့ဘာအတော်လေး ကောင်းပါတယ်။ ခံစစ်ရော တိုက်စစ်ကိုပါ လိုက်ပါ ကူညီ နိုင်ခဲ့တယ်။ တခြားပွဲတွေနဲ့ကွာခြားတာက ဒီပွဲမှာသူကဘောလုံးကို ကိုင်မထားဘဲ မြန်မြန် ပေးပို့တယ်။ ပေါ့ဘာက စာချုပ်ခေါ်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလောက် ခြေစွမ်း မတည်ငြိမ်သေးပေမဲ့ လက်ရှိ အချိန်မှာ အရေးကြီးဆုံးကစားသမားဖြစ်လာပါပြီ” လို့ ဖာဒီနန်ကပေါ့ဘာကိုချီးကျူးခဲ့ပါ တယ်။  
4 months Ago

မန်ယူနိုက်တက်က ဖူဟန်ကို (၂-၁)ဂိုးဖြင့်နိုင်၊  ပေါ့ဘာ၏ခြေစွမ်းကို ဆိုးလ်ရှား ချီးကျူး

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက်  ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့  ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချီးကျူးပြောဆို လိုက်ပါတယ်။  ဒီရာသီအစပိုင်းမှာ ပေါ့ဘာဟာ ဒဏ်ရာကြောင့် ပွဲထွက်ခွင့် နည်းပါးခဲ့သလို ကိုရိုနာ ဗိုင်းရပ်စ်ပါ ကူးစက်ခံခဲ့ရတာ ကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့သီတင်းပတ်တွေကစလို့ သူဟာ အသင်းအတွက် အားကိုးရတဲ့ ကစားသမား တစ်ဦးအဖြစ် ပြန်လာနိုင်ခဲ့ပါတယ်။  မနေ့ညက ပွဲစဉ် ပထမပိုင်း ၅ မိနစ်မှာပဲ ဖူဟန်အတွက် အဖွင့်ဂိုးကို လွတ်ခ်မန်းက သွင်းယူပေးခဲ့ပြီး မိနစ် ၂၁ မှာတော့ မန်ယူအတွက် ချေပဂိုးကို ကာဗာနီက သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ တဖက်တစ်ဂိုးစီသရေကျနေခဲ့တာပါ။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်မှာ ပေါ့ဘာက ဘယ်ခြေ ကန်ချက်နဲ့သွင်းယူပေးခဲ့ပါတယ်။  သူဟာ ၅ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး အသင်းအတွက် ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။  ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်ရှိနေပြီး ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဆိုးလ်ရှားက ပေါ့ဘာကို ချီးကျူး ပြောဆို သွားခဲ့ပါတယ်။  “ကျနော်အရင်က ပြောခဲ့သလိုပဲ ကွင်းထဲမှာ ပေါ့ဘာ မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ သူဟာ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ အခွင့်အရေးတွေ ဖန်တီးပြီး ကန်ချက်တွေကိုလည်း ပြသ နိုင်ခဲ့ပါတယ်။ ဒီနေ့ခြေစွမ်းကြောင့် သူဟာ ကွင်းလယ်မှာ သင့်တော်တဲ့ ကစားသမား တစ်ဦးလို့ ခံစားခဲ့ရပြီး သူ့ရဲ့ ဘယ်ခြေကန်ချက်ဟာလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူ တကယ်ကို ပြန်လာနိုင်ခဲ့ပါပြီ။ သူ့ ကြံ့ခိုင်ရေးကလည်း အကောင်းဆုံးပုံစံမှာရှိနေပြီး နေရာစုံမှာ ကစားနိုင်ခဲ့ ပါတယ်။ သူတကယ်ကို ကောင်းခဲ့ပါတယ်”  ဒီနေ့နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နောက်ဆုံးလိဂ်ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အဆင်သင့်ရှိနေကြောင်းကို ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း ပထမဆုံးသော လိဂ်ဖလားကို ရရှိဖို့ အလားအလာအကောင်းဆုံး အခြေအနေမှာ ရှိနေပေမယ့် ဆိုးလ်ရှားကတော့ ချန်ပီယံဖြစ်ဖို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တတ်နိုင်သလောက် မပြောဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ 
4 months Ago

January 3, 2021

လာမယ့်ရာသီမှာ ကွင်းလယ်လူ ပေါ့ဘာကို ရောင်းချသွားရန် မန်ယူအသင်း ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ပေါ့ဘာကို အပြီးသတ် ရောင်းချသွား‌တော့မယ်လို့ သိရပါတယ်။ အသင်းဘက်က သက်တမ်းတိုး ကမ်းလှမ်းထားပေမယ့် ပေါ့ဘာဘက်က လက်မခံခဲ့တာကြောင့် အခုနှစ်ရာသီအကုန်မှာ အရောင်းစာရင်းတင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ပြင်ဆင်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကိုယ်တိုင်ကလည်း ပေါ့ဘာရဲ့ အနာဂတ်က မန်ယူနိုက်တက်အသင်းမှာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ပြောခဲ့ဖူးတာပါ။  ပေါ့ဘာကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ပေါ့ဘာကို ခေါ်ယူဖို့  စီရော်နယ်ဒို သို့မဟုတ် ဒိုင်ဘားလားနဲ့ မက်လုံးပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
4 months Ago
More News
Up