ပေါင် ၅၃ သန်

June 5, 2020

တီမိုဝါနာကို ပေါင် ၅၃ သန်းဖြင့်‌ ခေါ်ယူရန် ချဲလ်ဆီးအသင်း သဘောတူညီမှုရ

ချဲလ်ဆီးအသင်းဟာ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။  ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂျာမနီလက်ရွေးစင် တီမိုဝါနာကို ချဲလ်ဆီးအသင်းက ၅ နှစ်ချုပ်ဆိုမှာဖြစ်ပြီး တပတ်လုပ်ခပေါင် ၁ သိန်း ၈ သောင်းပေးချေမယ်လို့ သိရပါတယ်။  လီဗာပူးအသင်းကလည်း တီမိုဝါနာကို ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် စာချုပ်ပါ လျော်ကြေးပေါင် ၅၃ သန်း ကို ပေးချေနိုင်ခြင်းမရှိခဲ့တာကြောင့်လို့ သိရပါတယ်။  ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ကစားသမားဝယ်ယူမှု ပိတ်ပင်ခံခဲ့ရသလို အဓိက ကစားသမား ဟာဇက်ကို ရောင်းချမှုကနေလည်း ဝင်ငွေတိုးခဲ့တာကြောင့် တီမိုဝါနာ ကိုဝယ်ယူနိုင်ခဲ့တာလို့ သိရပါတယ်။  တီမိုဝါနာဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ဇစ်အသင်းအတွက် ပွဲ ၃၀ ကစားရာမှာ ၃၁ဂိုး သွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ 
12 months Ago
Up