ပေါင်သန်း ၂၀

July 30, 2020

ဖာရန်တောရက်စ်ကို ပေါင်သန်း ၂၀ ကျော်သုံး၍ မန်စီးတီး ခေါ်မည်

မန်စီးတီးအသင်းဟာ ဗလင်စီယာလူငယ်ကြယ်ပွင့် ဖာရန်တောရက်စ်ကို ပေါင်သန်း၂၀ ကျော်နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။   အသက်၂၀ နှစ်ပဲရှိသေးတဲ့ ဖာရန်တောရက်စ်ဟာ စပိန်ယူ ၂၁ လက်ရွေးစင်တစ်ဦးဖြစ်ပြီး အနာဂတ်မှာထွန်းတောက်လာမယ့်ကစားသမားအဖြစ်သတ်မှတ်ခံထားရတာပါ။  မန်စီးတီးအသင်းဟာ ဖာရန်တောရက်စ်အတွက် ပေါင် ၂၀ ဒသမ ၈၆သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မကြာခင် မှာအပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။  ဗလင်စီယာအသင်းဘက်က ပေါင်သန်း ၄၀ ခန့်အလိုရှိပေမဲ့ တောရက်စ်ရဲ့ စာချုပ် သက်တမ်းက နောက်ဆုံးနှစ်အတွင်း ရောက်ရှိနေတာကြောင့် ပေါင်သန်း ၂၀ကျော်နဲ့ လက်လွှတ်လိုက်ရဖို့ ဖြစ်လာတာလို့သိရပါတယ်။  ညာတောင်ပံကစားသမား ဖာရန်တောရက်စ်ဟာ အခုနှစ်လာလီဂါမှာ ၃၄ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်း ၅ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။  ဗလင်စီယာအသင်းဟာ မန်စီးတီးကနေ ဂရန်နာဒါအသင်းဆီ အငှားချထားတဲ့ ကွင်းလယ်လူ ရန်ဂျယ်ဟာရဲယားကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ 
12 months Ago

May 11, 2020

ပေါင်သန်း ၂၀ တန် ဆွမ်ဆီးနောက်ခံလူကို ယူနိုက်တက်ခေါ်ယူရန် ရွိုင်ယန်ဂစ် အကြံပြု

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂန္တဝင်ကစားသမားတဦးဖြစ်တဲ့ ရွိုင်ယန်ဂစ်ရဲ့ အကြံပြုချက်ကြောင့် ပေါင်သန်း ၂၀ တန် နောက်ခံလူတဦးကို ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။  ယူနိုက်တက်အသင်းရဲ့ပစ်မှတ် ကစားသမားသစ်ဟာ ဆွမ်ဆီးအသင်းရဲ့ ဝေလလက်ရွေးစင်နောက်ခံလူ ဂျိုးရိုဒွန်ဖြစ်ပြီး ဆွမ်ဆီးအသင်းအတွက် ၄၆ ပွဲ ကစားပေးထားပြီး နိုင်ငံအသင်းအတွက် ပြီးခဲ့တဲ့နှစ်မှာ ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။  ဒီရာသီအတွင်း ရိုဒွန်ရဲ့ ဆွမ်ဆီးအသင်းဟာ ချန်ပီယံရှစ်မှာ ခြေစွမ်းတက်လိုက်ကျလိုက်ဖြစ်နေပေမယ့်  နောက်ခံလူကတော့ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် အားလုံးက သတိပြုမိခဲ့ပါတယ်။ ဝေလလက်ရွေးစင်နည်းပြ ရွိုင်ယန်ဂစ်ဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့ ခြေစွမ်းကို အကြိုက်တွေ့နေပြီး သူ့ကိုခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းထားတယ်လို့ Mirror သတင်းမှာ  ဖော်ပြပါတယ်။  လက်ရှိ ယူနိုက်တက်အသင်းမှာလည်း နောက်ခံလူတွေဖြစ်တဲ့ ခရစ္စစမောလင်းနဲ့ မားကို့စ်ရိုဂျိုတို့ဟာ အသင်းကနေ ထွက်ခွာဖို့ရှိနေတာကြောင့် လူအင်အားဖြည့်တင်းဖို့ကြိုးစားနေတဲ့ ဆိုးလ်ရှားဟာ ရိုဒွန်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  ဂစ်ဟာ ဝေလလက်ရွေးစင်ကစားသမားတဦးဖြစ်တဲ့ ဒယ်နီယယ်ဂျိမ်းစ်ကို ယူနိုက်တက်အသင်းခေါ်ယူမှုမှာလည်း အရေးပါတဲ့နေရာက ပါဝင်ခဲ့သူဖြစ်ပြီး နောက်ထပ် ဝေလကစားသမားတဦးကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်တာပါ။ ဂျိုးရွန်ဒိုဟာ အလားအလာကောင်းတွေရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဆွမ်ဆီးအသင်းကတော့ သူတို့ရဲ့လူငယ်ကြယ်ပွင့်ကို လွယ်လွယ်နဲ့ လက်လွှတ်မှာတော့မဟုတ်ပါဘူး။  ရွန်ဒိုရဲ့ အလားအလာကောင်းတွေကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီတီး အသင်းကလည်း စိတ်ဝင်စားနေပြီး ဒီနှစ်သင်းယှဉ်ရင် ယူနိုက်တက်ဘက်က ပိုပြီးအားသာနေပါတယ်။  တကယ်လို့ ယူနိုက်တက်အသင်းက အမှန်တကယ်ခေါ်ယူဖြစ်ခဲ့တယ်ဆိုရင် ရိုဒွန်ဟာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲယား နဲ့ ပွဲထွက်ခွင့်ရရှိရေးအတွက် အဲရစ်ဘိုင်လေ၊ ဗစ်တာလင်ဒီလော့ဖ်တို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ 
1 year Ago
Up