ပေါက်ကွဲမှုဖြစ်ပွား

May 7, 2021

မတ္တရာမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်း၊ မတ္တရာမြို့မှာ မေလ ၇ ရက်နေ့ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီကနေ့ ည ၇ နာရီ ၄၇မိနစ်က  အမှတ်(၂)၊ ဘူတာမြောက်ရပ်ကွက်၊ မတ္တရာဈေးမြောက်ဘက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့  ‌မတ္တရာမြို့ခံ တစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ချက်ချင်းရောက်လာခဲ့ပြီး ပြည်သူတစ်ဦးမှ အပြင်မထွက်ရဲခဲ့ဘူး လို့လည်းပြောပါတယ်။

မတ္တရာမြို့ခံတစ်ဦးက"လက်လုပ်မိုင်းလား၊ ဗုံးလား မသဲကွဲဘူး၊ အသံက တော်တော်ကြီးကို ကျယ်တယ်"လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အဆိုပါ အနီးနားက ဆိုင်ကယ်တချို့ ပျက်ဆီးသွားပြီး လူတွေထိခိုက်မှု မရှိဘူးလို့လည်း ကနဦး သိရပါတယ်။  မတ္တရာမြို့မှာ အခုလို ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ဓာတ်ပုံ CJ

3 months Ago
Up