ပေါက်ကွဲမှု

May 2, 2021

အင်းစိန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး‌ ၂ ခုရှေ့တွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မေ ၂ ရက်နေ့ ညနေ ၃ နာရီခွဲ‌လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှု သတင်းအတိအကျ မသိရသေးဘဲ အကြမ်းဖက်စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အလားတူ ဒီနေ့ ည ၆ နာရီကျော်လောက်ကလည်း အင်းစိန် ပေါက်တောဝ ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာလည်း ပေါက်ကွဲမှု တခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

ဒီနေ့ကမ္ဘာလုံးဆိုင်ရာ မြန်မာပြည်အရေးသပိတ်မှာ အင်းစိန်လူငယ်အများအပြားပါဝင်ခဲ့ပြီး လူငယ်အယောက် ၂၀ နီပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

3 days Ago

May 1, 2021

ရန်ကင်းမြို့နယ် မြန်မာပလာဇာအနီး ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်

ရန်ကင်းမြို့နယ် မြန်မာပလာဇာအနီး မွန်လွဲ ၁ နာရီလောက်ကစပြီး ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“အသံတွေကတော့ ဆက်တိုက်ပဲ။ ခုနကပဲ ထပ်ကွဲတယ်။ လေးငါးလုံး လောက်ရှိမယ်။ အိမ်တွေတောင် တုန်တယ်။ အခုတော့ ရဲတွေ၊ စစ်သားတွေ အများကြီးရောက်လာပြီ။ စက်မှု ၁ လမ်းမှာတော့ စစ်ဆေးတာတွေ လုပ်နေပြီကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်ရှိ ရန်ကင်း ၁၂ လုံးတန်း မီးပွိုင့်နားတဝိုက်မှာလည်း ရဲ၊ စစ်သား အင်အား အများအပြား လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။ 

ဒီကနေ့မနက်ပိုင်း ရန်ကင်း ဘောက်ထော်မှာ စစ်ကောင်စီက မှတ်တမ်းဆေးရုံဖွင့်ပွဲ ပြုလုပ်ဖို့ မနေ့ညကတည်းက လုံခြုံရေး အင်အားအများအပြား ယူထားတာကိုလည်း မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း ရန်ကင်း ရပ်ကွက် ၂ ထဲ ဗုံး ၃ လုံးဆင့်ပေါက်ကွဲခဲ့ပြီး မတရားဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ပါတယ်။

4 days Ago
More News
Up