ပူးပေါင်းသွေးလှူ

September 20, 2020

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို ကော့ကရိတ်နှင့်မြဝတီခရိုင် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းသွေးလှူ (ဓာတ်ပုံ)

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ၅၆ နှစ်မြောက် ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြ၀တီခရိုင် ပြည်သူ့ဆေးရုံမှာ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့ဝင် ၂၈ ဦးနဲ့ မြ၀တီခရိုင်ရဲတပ်ဖွဲ့ဝင် ၃၂ ဦးတို့ ပူးပေါင်းပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ သွေးလှူဒါန်းကြပါတယ်။  နိုဝင်ဘာ ၁ ရက်နေ့ ကျရောက်မယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မတိုင်ခင် ကြိုတင်ပြီး ပြည်သူတွေအတွက် ကျန်းမာရေးအထောက်အကူဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ သွေးစုပေါင်းလှူဒါန်းတာလို့ သိရပါတယ်။ သတင်း - ဖိုးစီ
9 months Ago
Up